ကျောင်းသားဘဝ ဟာ တဂယ့်ကို ပျော်စရာပါ ငယ်ရွယ်စဉ် လူငယ်ဘဝ အပူပင်မရှိ လွတ်လပ်စွာ ဖြတ်သန်းနေရတဲ့အချိန်တွေဟာ တဂယ်ကို ရွှေထက်ပင် တန်ဖိုးကြီးလှသည်
မိုးလင်းတာနဲ့ မနက်စာလေးစား ကျောင်းကိုအေးဆေးသွား ကျောင်းရောက်တာနဲ့ သူငယ်ချင်းတွေနဲ့ဆုံပီး ပျော်ကြပါးကြ စကားများကြ နဲ့ အတန်းဆိုလည်း တက်ချင်တက် လစ်ချင်လစ်
ဆရာတွေကို စလိုက်နောက်လိုက် ဘဝကြီးဟာ အင်မတိအင်မတန် သာယာလွန်းလှပေသည်ထိုကဲ့သို့သော သာယာမှုများသည် ယခုအချိန်တွင်မူ အတိတ်က မပီးမပြင် ဝိုးတဝါး အမှတ်တရ များပင် ဖြစ်ချေကုန်ပီ
ကျောင်းတက်ရသည့်နေ့တိုင်း တက်ကြွလွန်းသော BaekHyun ခမျာ ယနေ့တွင်မူ အရင်နေ့များနှင့်မတူ မနက် ၇နာရီ ခွဲ ကျော်နေသည့်တိုင်အိပ်ယာမှမထချေ
သူဒီနေ့ တဂယ် ကျောင်းမသွားချင် အိမ်မှာ ဆိုရင် PaPa ကိုကပ်ချွဲပီး ကျောင်းမသွားချင်ဘူး လို့ပြောရင် PaPa က ချက်ချင်း ခွင့်တိုင်ပေးမှာ
ခုတော့😭😭😭
ဒေါက် ဒေါက် ဒေါက်
"BaekHyun မထသေးဘူးလား ကျောင်းနောက်ကျနေမယ်နော် မြန်မြန်ထ''
အူးဝါး ကယ်ကြပါဦး မသွား ချင်ပါဘူးဆို Sam က လာနိုးနေတယ်
အိပ်ယာထဲက မထပဲ တစ်ယောက်တည်း ညည်းနေတဲ့ အမွှေလေး
"ပြောနေတာ မကြားဘူးလား ကျောင်းနောက်ကျနေရင် နောက်တစ်ပြစ် တိုးမယ်နော်''
အခန်းထဲ ဝင်လာတဲ့ Sam က သရဲ ဘီလူးကြီးလို ဖြဲဖြဲ ခြောက် နေတယ်
Park Sam သရဲကြီး ဘီလူးကြီး
"ပြောနေတာကြားလား!!!''
ကိုယ်အတွေးနဲ့ကိုယ်မို့လားပဲ ဆက်ကနဲ့ ပြောလိုင်တဲ့အသံလောက်ကို လန့်လို့ တစ်ကိုယ်လုံး တုန်တက်သွားရှာတယ်
ကျောင်းမသွားချင် ဘူး ဘိုလုပ်ရမလဲ ဘို လုပ်ရမလဲ ဘိုလုပ်ရမလဲ
မျက်စိနှစ်လုံး တောင်ပို့ မြောက်ပို့နဲ့ လုပ်ရင်း ဦးနှောက်ကို နည်းနည်း အလုပ်ပေးလိုက်တော့ အကြံတစ်ခုပေါ်လာတယ်
YOU ARE READING
Byunမွှေစိန်
Fanfiction"ဒီနားလေးကို ကြွလာခဲ့ပါ ဒီနားလေးကို" အိမ်ရှေ့ခန်းက ဆိုဖာပေါ်က နေ ထိုင်ရင်း မျက်မှောင်ကြုတ် ကာ လှမ်းခေါ်နေတဲ့ သူ့ Sam "ဟင့် Sam😥😥😭😭" "လာပါ ငိုပြမနေနဲ့ ဒီနားကိုလာ ကိုယ် ဘာလုပ်ထားလဲ ကွကိုယ် သိတယ်နော်" "အဟင့် မှားတွားပါလယ်...