"ပေးလွယ်အိတ် အင့် လွှတ် ''
"ဟိတ် ပေးဆို''
"ဖယ် လွှတ် ဖက်ဆစ်ကြီး''
"အမ် ဘာ ဘာကြီး သူ ငါ့ကို ဘယ်လို ခေါ်သွားတာလဲ''
မနက်က ဒဏ်ရာလေးတွေကို ကျန်နှစ်ယောက်က ဆေးခန်း သွားပြ ဆေးထည့်ပီး ဒင်းက လာမထည့်ဘူး ပြောလို့
ညနေကျောင်းဆင်း အခန်းဝက စောင့်နေတာ ထွက်လာတော့ လက်ကလေးက နည်းနည်းလေးများ ရဲနေသလားလို့ ဒါနဲ့ပဲ သူ့လွယ်အိတ်ကူသယ်ပေးမလို့ တောင်းတာကို အတင်း ရုန်းပီး ပြန်လုသွားတယ် နောက်ပီး လူကို ခေါ်သွားသေးတယ် ဖက်ဆစ်ကြီး ဆိုပဲ ကျွန်တော်အာ့လောက်ရက်စက်နေလို့လား
မိမိ ရှေ့ကနေ ကော့တော့ကော့တော့နဲ့ သွားနေတဲ့ ဒီကလေး အပြန် စက်ဘီးစီးပြန်မလို့တော့ မဟုတ်ပါဘူးနော်
Park Sam တျောက် တွေးနေတာမှ နောက်ကျနေဦးမယ် ဟိုက သူ့စက်ဘီး သူ ထုတ်ပီး တွန်းနေတာ ကျောင်းပေါက်ဝရောက်တော့မယ်
"ဟေ့ ဟေ့ Baek Hyun Park Baek Hyun ရပ်စမ်း အာ့ မှာ''
လှမ်းအော်လိုက်တော့ ခြေလှမ်းတို့က တုန့်ခနဲ့ ရပ်တန့်သွားတာမို့ အနားရောက်အောင် အပြေးလေးသွားလိုက်ရတယ်
"ဟေ့ မင်း လက်ဖဝါး အခြေအနေနဲ့ စက်ဘီး စီးသွား မလို့လား ဟမ်''
ဘာတစ်ခွန်းမှ ပြန်မပြောပဲ စက်ဘီးကို ရှေ့ဆက်တွန်းဖို့ ကြံနေတဲ့ အကောင်ပေါက်ကြောင့် စက်ဘီး လက်ကိုင်ကို ကိုင်ဆွဲထားရသည်
"ပြောနေတာ မဟုတ်ဖူး စက်ဘီး ကို လုံခြုံရေးစီမှာ အပ်ခဲ့ မနက်ဖြန်မှ ပြန်ယူ ခု ငါနဲ့ ပြန်မယ်''
"ဟင့် အင် လွှတ်''
"ပြောစကား နားထောင်စမ်း Park BaekHyun!!!''
စကားကို ဖြေးဖြေးသက်သာပြော၍မရ တာမို့ ဖိဟောက်လိုက်မိတယ်
"အင့် Park BaekHyun မဟုတ်ဖူး Byun Baek Hyun ByunvBaek Hyun ဘယ်က Sam မျိုးရိုးခံမယ်ပြောလို့ ParkBaekHyun Park BaekHyun နဲ့ ခေါ်နေရတာလဲ!!!''
ပြန်အော်တယ် ကြည့်စမ်း ဒီကလေးတော့ ငါ လုပ်ရင် သေတော့မယ်
ဘေးဘီကို လှည့်ကြည့်လိုက်တော့ ကျောင်းဆင်းချိန်မို့ ကလေးတွေက သူတို့ဇောနဲ့သူတို့မို့ သူတို့နှစ်ယောက်ဆီ အာရုံမရှိကြတာမို့ တော်သေးတယ်
ŞİMDİ OKUDUĞUN
Byunမွှေစိန်
Hayran Kurgu"ဒီနားလေးကို ကြွလာခဲ့ပါ ဒီနားလေးကို" အိမ်ရှေ့ခန်းက ဆိုဖာပေါ်က နေ ထိုင်ရင်း မျက်မှောင်ကြုတ် ကာ လှမ်းခေါ်နေတဲ့ သူ့ Sam "ဟင့် Sam😥😥😭😭" "လာပါ ငိုပြမနေနဲ့ ဒီနားကိုလာ ကိုယ် ဘာလုပ်ထားလဲ ကွကိုယ် သိတယ်နော်" "အဟင့် မှားတွားပါလယ်...