💖40💖

608 57 7
                                    

Unicode....

"မဟုတ်ပါဘူး"

Seo Mi ပြောလိုက်သောစကားကြောင့် အားလုံးရဲ့အကြည့်တွေက Seo Mi ဆီရောက်လာကြသည်...

"အဲဒါဘာကိုဆိုလိုတာလဲ Seo Mi"

Lay ကဝင်မေးလိုက်သောကြောင့်...

"ဒီမှာလူစုံနေတာကြောင့် ကျွန်မတစ်ခါတည်းဝန်ခံစရာရှိပါတယ်...
အမှန်တော့ baekhyun လေးက အစ်ကို YiXing နဲ့ဘာမှမပတ်သတ်ပါဘူး"

"ဘာ.. ငါနားမလည်ဘူး.. Seo Mi..
ပြန်ပြောလိုက်စမ်း"

"Seo Mi လိမ်ခဲ့မိပါတယ်
Baek လေးကို ကျွန်မမွေးခဲ့တာမှန်ပေမယ့်..."

"ကျွန်မအဖေကဘယ်သူလဲ"

Seo Mi စကားမဆုံးခင် Baek ကဝင်မေးလိုက်တယ်...

"Baek ah.. omma တောင်းပန်ပါတယ်..
Omma က club မှာအလုပ်လုပ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တာပါ... ဒါကြောင့် omma.."

"အဲတော့.. baek ကို ဘယ်သူနဲ့ရခဲ့မှန်းမသိဘူးပေါ့"

Baek ရဲ့ရှိုက်သံလေးတွေရောယှက်နေတဲ့ စကားကိုကြားပြီးချိန်မှာ Seo Mi ခေါင်းလေးငုံ့သွားပြီးမှ...

"Baek ah.. omma လေ..."

"ဘယ်နေရာမှာ omma လို့လာခေါ်နေတာလဲ!!"

Baek အော်လိုက်တာကြောင့် အားလုံးလန့်သွားပြီး yeol က baek ပခုံးလေးကိုကိုင်ကာ....

"Baek ah.."

"အဖေတောင်ဘယ်သူမှန်းမသိတာကို ဘာလို့မွေးခဲ့သေးလဲ... တစ်ခါတည်း သတ်ပစ်ခဲ့ပေါ့...
ဒီလိုအဖေလည်းဘယ်သူမှန်းမသိဘဲ အမေကလည်း လူသတ်ထားတဲ့ထောင်ထွက်သမား...
ဒီလိုလူမျိုးတွေရဲ့ သမီးဖြစ်ရတာ ဘယ်လောက်ရှက်ဖို့ကောင်းလဲ.. အဲဒါကိုတောင် baek ကို ဒီအိမ်မှာဘာလို့လာထားတာလဲ...
YiXing appa ရဲ့သမီးပါဆိုပြီး လုပ်ဇာတ်ဖန်တီးခဲ့တာလား.."

"Baek ah.. omma ရှင်းပြပါ့မယ်...
Baek ကိုဒီလောကကြီးမှာအရှက်ရစေဖို့မရည်ရွယ်ခဲ့ပါဘူးးး
Omma က Chanyeol အဖေကိုကြိုက်ခဲ့တာပါ..
ပြောရမှာရှက်ဖို့ကောင်းတာသိပါတယ်..
ဒါပေမယ့် အကြောင်းစုံရှင်းပြပါရစေ..."

Baek ကို Chanyeol က ပခုံးလေးကနေဖက်ပြီး နှစ်သိမ့်ပေးနေသည်...

"Omma ကို Chanyeol အဖေကပြန်မကြိုက်တာကြောင့် omma ရူးသွပ်ပြီး သူ့ appa နဲ့ omma ကိုကားတိုက်သတ်ခဲ့မိတယ်...
Omma ကလူနှစ်ယောက်ကိုသတ်ခဲ့တာကြောင့် အပြစ်ကြီးတယ်လေ... အဲဒီ့အချိန်မှာ baek ကငယ်ငယ်လေးရှိသေးတယ်...
Omma ရဲ့ရဲစခန်းမှာသွားဝန်ခံလိုက်ပြီး ထောင်ကျသွားရင် သမီးတစ်ယောက်တည်းကျန်ခဲ့မှာဖြစ်လို့ ငွေကြေးရောဂုဏ်ရောပြည့်စုံတဲ့ ဒီအိမ်မှာလာထားပြီး လုပ်ဇာတ်ဖန်တီးခဲ့မိတာပါ"

💖Magical Love💖Nơi câu chuyện tồn tại. Hãy khám phá bây giờ