Zawgyi....
ပြတင်းပေါက်ရဲ့အပြင်ဘက်မှာနှင်းတွေကလှုပ်လှုပ်ကျဆင်းနေတယ်....
နှင်းပွင့်လေးတွေကတစ်ခုခုကိုလွမ်းဆွေးနေသလို...
ပတ်ဝန်းကျင်ကလူတွေကအသွားအပြန်နဲ့သူ့အလုပ်နဲ့သူရှုပ်ကာ လှုပ်ရှားပြောင်းလဲနေသော်လည်း.. မပြောင်းလဲဘဲကျန်နေတာကဆေးရုံခန်းထဲကကော်မလေးတစ်ယောက်...
ခုတင်ပေါ်မှာလဲလျောင်းနေတဲ့ကောင်မလေးရဲ့လက်ကို သွယ်လျသောလက်ချောင်းလေးတွေကတင်းတင်းဆုပ်ကိုင်ထားပြီးဆရာဝန်ပြောသော စကားများကိုနားထဲမှာကြားယောင်နေလျက်...
မျက်ဝန်းမှမျက်ရည်များကလည်းအဆီးအတားမရှိကျဆင်းနေဆဲ....."လူနာကသတိမရတာလေးလရှိပြီ... ဖြစ်နိုင်ချေနှစ်ခုရှိတယ်... တစ်ခုကသတိရလာပေမယ့်လည်းဦးနှောက်ကိုထိခိုက်ထားတာမို့အတိတ်မေ့တာ မျိုးဖြစ်နိုင်တယ်... နောက်တစ်ခုက coma ၀င်သွားတာမျိုးဖြစ်နိုင်တယ်... အခုကတော့ coma ၀င်ဖို့ရာခိုင်နှုန်းများနေတယ်... "
"အဟင့်.... ဟင့်.... "
ဆုပ်ကိုင်ထားတဲ့လက်များပြိုမိုတင်းကြပ်အောင်ဆုပ်ကိုင်လိုက်ပြီး...
"မမရယ်..ကျေးဇူးပြုပြီးသတိရလာပေးပါတော့..ဒီလောက်ပဲနားပြီးတော့ထလာပေးပါတော့..baek တောင်းပန်ပါတယ်..မမ မကြိုက်တာတွေဘာမှမလုပ်တော့ဘူးလို့ကတိပေးပါတယ်..ဒါကြောင့်ဘာမှမဖြစ်ဘဲစိတ်အေးလက်အေးနဲ့သတိရလာပေးပါတော့.."
ထိုစဉ်...ဆေးရုံခန်းထဲသို့ချစ်စရာကောင်မလေးတစ်ယောက်ဝင်လာသည်...
"Baek...."
"မမ Soo..."
"Lu အခြေအနေဘယ်လိုနေသေးလဲ"
"သတိမရသေးဘူး..အရင်အတိုင်းပဲ"
Soo သက်ပြင်းတစ်ချက်ချလိုက်မိတယ်...
"ဆရာဝန်က coma ဝင်ဖို့ရာခိုင်းနှုန်းများနေတယ်တဲ့"
Baek ကငိုသံလေးနဲ့ပြောလာတော့....
Soo က baek ကျောလေးကိုပွတ်သပ်ပေးရင်း...
"အဆင်ပြေသွားမှာပါ..lu သတိရလာမှာပါ..စိတ်မပူပါနဲ့.."
Baek က Soo ရင်ခွင်ထဲမှီ၍ငိုနေသည်...
Soo ရဲ့မျက်ရည်က Baek ရဲ့ဆံနွယ်လေးထဲစီးဆင်းသွားသည်ကို baek မသိလိုက်ပေ...
CZYTASZ
💖Magical Love💖
FanfictionEXO members 12 ယောက်လုံးကိုထည့်သွင်းထားပါတယ်... အဓိက OTP က သုံးတွဲပါ... HunHan >>> Entertainment တစ်ခုရဲ့ CEO ကောင်လေးနဲ့ Hotel တစ်ခုရဲ့ manager ဝိညာဉ်မလေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်း... Chanbaek >>> နာမည်ကြီး idol ကောင်လေးတစ်ယောက်နဲ့ စွာတေးလန်သတင်...