💖9💖

1.4K 140 5
                                    

Zawgyi.....

Luhan က Baek ကိုအနောက်ကနေဆောင့်တွန်းလိုက်သည်....

"ဟားဟား...ဒီတစ်ခါရသွားပါလား... ငဘတ်မရှေ့သွားတွေ အကုန်ကုန်ပြီပဲ"

ဒါပေမယ့် Luhan ထင်သလိုဖြစ်မလာ....

"ဟင်...အဲလူကြီး..."

Luhan က Chanyeol ကိုမြင်တော့ တိုင်တစ်ခုနောက်ကွယ်လိုက်သည်....

အမှန်တော့ baek က luhan တွန်းလိုက်တာကြောင့် လဲကျတော့မလိုဖြစ်ခဲ့ပါတယ်...

ဒါပေမယ့် show ပွဲကထွက်လာတဲ့ yeol က baek ရဲ့ပခုံးကိုဖက်၍ ထိန်းပေးလိုက်တာကြောင့် baek ရှေ့သွားလေးတွေမဆုံးရှုံးလိုက်ရခြင်းပင်...

ဒီအဖြစ်အပျက်ကိုမြင်တဲ့ တစ်ဦးတည်းသောသူကတော့ yeol ကိုခေါ်ဖို့ထွက်လာတဲ့ Oh Sehun...

"အဆင်ပြေရဲ့လား"

"ဟင်"

Baek ကမော့ကြည့်လိုက်တော့...

"ဟင်...Chan...Chanyeol..."

"ဟင်...ဟို အိမ်သာက arjuma"

"ဘာ arjuma လဲ"

Baek ကသူ့ကိုဖက်ထားတဲ့ yeol လက်ကိုဖယ်လိုက်သည်....

"Haha...arjuma မဟုတ်လည်းပြီးတာပဲ...
အဲလောက်ရှင်းနေတဲ့လမ်းကိုဘယ်လိုမှောက်လျက်လဲအောင်လျှောက်လည်းမသိဘူးနော်...ငါလာတာအချိန်မှီသွားလို့ပေါ့...မဟုတ်ရင် မင်းရဲ့ရှေ့သွားတွေက အခုလောက်ဆိုကြမ်းပြင်ကိုခစားနေလောက်ပြီ...hkhk 😂 "

"Yarr...နင့်ကိုဘယ်သူကဖက်ခိုင်းလို့လဲ...
ငါ့သွားကကြမ်းပြင်ကိုခစားစား မခစားစား နင့်အပူပါလို့လား..."

"Ah...ကိုယ့်ကိုကယ်ထားတဲ့ ကျေးဇူးရှင်ကိုအဲလိုပြောတာလား...ဒီကလေးမကတော့လေ..ကူညီရကျိုးမနပ်လိုက်တာ...ဒီပုံအတိုင်းဆိုကျေးဇူးတင်စကားတောင်ကြားရမယ်မထင်ဘူး..."

"ဟုတ်တယ်...ငါ့ခွင့်ပြုချက်မရဘဲ ကူညီတာကိုဘာလို့ကျေးဇူးတင်စကားပြောရမှာလဲ..."

"ဘာ...တော်တော်ထူးဆန်းတဲ့မိန်းကလေးပဲ"

Baek က chanyeol ကိုကျောခိုင်းလိုက်စဉ်...

"ဟာကွာ...ဒီနေ့ကဘယ်လိုနေ့လဲကွာ...
တောင်းပန်စကားလည်းမကြားရ...ကျေးဇူးတင်စကားလည်းမကြားရနဲ့..."

💖Magical Love💖Tempat cerita menjadi hidup. Temukan sekarang