02

914 108 3
                                    

[ Unicode ]
( Zawgyi version Below)

" Gureum..."

ကျွန်​တော့် ပါးစပ်က​အသံထွက်​အောင် ​ရေရွတ်မိသည်။ မျက်လုံးများက​​တော့ သူမရဲ့ အကြည့်စူးစူး​တွေကိုသာ တွယ်ကပ်​နေရင်း...

" Kookie မင်းဘယ်​နေရာကိုကြည့်​နေတာလဲ? ဘာလဲ ငါ့​ဘေးနားမှာများ..."

​ကျောချမ်းကာ ကြက်သီးများထလာ​သော Taehyung က Jimin နားကပ်ကာ လက်​မောင်းများအား ဖက်တွယ်ထားသည်။

Jungkook အကြည့်များအား ဆွဲခွာလိုက်ရင်း...

" ကျွန်​တော် သူ့အခန်းထဲ ဝင်ကြည့်လို့ရမလား?"

အ​ဒေါ်ကြီးက ​ခေါင်းငြိမ့်ပြ​​တော့ သူမက မ​ကျေနပ်ဘူးထင်ပါတယ်။ အ​မေဖြစ်သူအား မျက်​စောင်းထိုးကာ ကြည့်​နေသည်။ သူ့အခန်းထဲ သူစိမ်းဝင်မှာ မကြိုက်ဘူးထင်ပါရဲ့။

ကျွန်​တော် မတ်တပ်ထကာ တစ်​ယောက်တည်း အ​ပေါ်သို့ တက်လာသည်။ အခန်း​ရှေ့​ရောက်​တော့ တံခါးဖွင့်မယ်အလုပ် တံခါးက သူ့ဘာသာသူ ပွင့်လာသည်။

အနည်းငယ်ဟ​နေ​သော တံခါးဝမှာ သာမန်သူ​တွေသာဆို ဘာမှမြင်နိုင်မှာ မဟုတ်​ပေမယ့် ​သွေးများ​ပေကျံ​ကာ ညစ်ပတ်​နေ​သော အဖြူ​ရောင် ရှူးဖိနပ်တစ်စုံ။

ကျွန်​တော့်မျက်လုံးများ တဖြည်းဖြည်း အ​ပေါ်သို့ တက်လာသည်။

​သွေးများနှင့် အညစ်အ​ကြေးများ စွန်း​နေ​သော ​​ခြေသွယ်​သွယ်​လေးတစ်စုံ။ ​ဆွေး​နေပြီဟုထင်ရသည့် ​ကျောင်းဝတ်စုံ။ ထို့​နောက် ငရဲအိုင်လို ပူ​ဆွေးခြင်း​တွေနဲ့ ပြည့်နှက်​နေတဲ့ မျက်ဝန်းတစ်စုံ။ တိတိကျကျ​ပြောရရင် မျက်ဖြူသား တစ်စက်မှ မရှိဘဲ မျက်လုံးမည်းမည်းကြီး​တွေ။

ဒုတိယအကြိမ် ကျွန်​တော်တို့ အကြည့်ဆုံသွား​​တော့ သူ အနည်းငယ် အံ့သြသွားသည်ထင်ပါသည်။

ကျွန်​တော့အား သူ့လက်သည်းရှည်ကြီးများနှင့် လက်ညိုးထိုးကာ...

" ရှင်.....ကျွန်မကို မြင်နိုင်လား?¿"

သူ့အသံက ကျွန်​တော့်ရဲ့ နားထဲ ဟိန်းသွားသည်။

အာ...သရဲမရဲ့ အသံ။ ​နောက်တစ်ခါ ထပ်မကြားချင်တဲ့အသံဘဲ။

ကျွန်​တော် သူ့အား လျစ်လျူရှုကာ အခန်းထဲသို့ သူ၏ကိုယ်အား ​ဖောက်ထွင်း၍ ဝင်လာခဲ့သည်။

Lonely | 전정국Donde viven las historias. Descúbrelo ahora