04

1.1K 123 22
                                    

[Unicode]

လူ​တွေက​ပြောကြတယ်။ ဒီ ​လောကကြီးမှာ ရှင်သန်သွားချင်တယ်ဆိုရင် သန်မာ​နေမှရမယ်တဲ့။ ​ပျော့ညံ့​တဲ့လူ​တွေအတွက် ဒီ​​လောကကြီးမှာ ​နေရာမရှိဘူးတဲ့။

"ဘ-ဘာ!!"

" မင်းရဲ့ မျက်နှာဖုံးကို ချွတ်ပြလို့.."

Gureum မယုံကြည်နိုင်စွာ Jungkook အား စိုက်ကြည့်​နေမိသည်။ တည်တံ့စွာ ​ပြော​နေသည့် သူ့ရဲ့ ပုံစံက​တော့ ​နောက်​နေတာမဟုတ်သည်မှာ ​သေချာသည်။

ငါ့ရဲ့။
မျက်နှာဖုံး။

Gureum ထိတ်လန့်မှုများဖြင့် ​ယောင်ယမ်းမိသည်။

ငါ့ရဲ့ မျက်နှာဖုံးကို ချွတ်ပြတဲ့လား။
ဟင့်အင်း။ မဖြစ်ဘူး။ ဒါဆို သူတို့ ငါ့ကို အနိုင်ယူကြလိမ့်မယ်။ ဟင့်အင်း။ မလုပ်နိုင်ဘူး။ ​နောက်တစ်​ခေါက်​တော့ အဲ့လိုအမှားမလုပ်နိုင်ဘူး။ ငါ့အ​ပေါ်ထပ်ပြီး-

​အောက်ကို ငုံ့လျက် ​ခေါင်းယမ်းရင်း တစ်​ယောက်တည်း မျက်ရည်များဝဲကာ ​ဖြေမဆည်နိုင်ဖြစ်​နေ​သော Gureum ၏ ကြမ်းတမ်း​နေ​သော ဆံပင်အား တစ်​ယောက်​ယောက်က သပ်ကိုင်လိုက်မှ သူမ ငြိမ်ကျသွားသည်။

ထို့​နောက် ယခင်လိုပင် အနက်​ရောင် မျက်လုံးများဖြင့် Jungkook ကို ​မော့ကြည့်မိသည်။

Jungkook ပြုံးပြကာ သူမ၏ ဆံပင်များအား ကိုင်​နေရာမှ မျက်လုံးများ​ပေါ်သို့ အုပ်လိုက်သည်။ သူ့ရဲ့ လက်​ချောင်းလှုပ်ရှားမှုအတိုင်း ပိတ်သွားတဲ့ မျက်လုံး​လေး​တွေကိုကြည့်ရင်း သူမ၏ အနားကပ်သွားကာ...

" ၁ ၂ ၃ ထိ​ရေပြီးရင် မျက်လုံး ပြန်ဖွင့်ပြီး..တစ်ချိန်တုန်းက မင်း တခြားသူတွေကို ပြုံးပြသလို ငါ့ကို ပြုံးပြ..ဒါဆို မင်းရဲ့ ဒိုင်ယာရီ စာအုပ်ပြန်​ပေးမယ်.."

သူမဆီက ဘာတုံ့ပြန်မှုမှ မကြားရ​တော့ Jungkook ပါ မျက်လုံးများ မှိတ်ထားလိုက်သည်။

"၁"

"၂"

"၃"

သူ လက်များအား ​ဖြေး​ဖြေးချင်းချရင်း မျက်လုံးများကိုပါ ​ဖြေး​ဖြေးချင်း ဖွင့်လိုက်သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Aug 30, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Lonely | 전정국Donde viven las historias. Descúbrelo ahora