Zaw Gyi
Korea National University of Arts
Tae Hyung ကျောင်းရှေ့ရောက်တော့ 9နာရီထိုးကျော်ရုံလေးပင်ရှိသေးသည်။ Third year ကျောင်းသား သူ့အတွက်တော့ အတန်းမမှီလည်း ကိစ္စမရှိပေမယ့် မင်းသားဖြစ်ချင်လွန်းသော သူက Drama major မှာ တစ်ခါမှ အတန်းမပျက်ဖူးသူအဖြစ် နာမည်ကြီးလှသည်။ ထို့အပြင် စီနီယာ Seok Jinနဲ့လည်း ကန်တင်းတွင် ချိန်းထားသောကြောင့် နောက်ကျလျှင် ပွစိပွစိပြောသော ဒါဏ်ကိုလည်း မခံစားနိုင်တာကြောင့်ပင်။
ထင်သည့်အတိုင်းပင် ကန်တင်းတွင် စီနီယာ Seok Jin က တစ်ခြား major က အတန်းသားတွေနဲ့ ပွဲကြနေပြီဖြစ်သည်။"Seok Jin Hyung ကျွန်တော်ရောက်ပြီ။ စီနီယာ Nam Joon လည်းရောက်နေတာကိုး။ Hobi Hyung မင်္ဂလာနံနက်ခင်းပါဗျ"
ရောက်ရောက်ချင်း တန်းဆီပြီး နှုတ်ဆက်တဲ့ ကျွန်တော့်ကြောင့် စီနီယာအကိုတွေ သဘောကျနေကြသည်။
" ဟုတ်တယ် ငါရောက်နေတာလည်း သိပ်မကြာသေးဘူး
Seok Jin Hyung က လာခဲ့ပါဆိုလို့ Hobi ကိုပါ ခေါ်လာခဲ့တာ""ဟုတ်တယ် Tae Hyung ရေ တစ်ဆောင်နဲ့ တစ်ဆောင်က ကူးရတာလည်း မလွယ်ဘူး။ ငါရဲ့ Dance major ဆိုရင် အဝေးကြီး။"
"ဒါဆို မင်းက ကိုယ့်သဘောနဲ့ကို လာတာမဟုတ်ပဲ ငါခေါ်လို့လာရတာပေါ့ ဟုတ်လား Jung Ho Seok"
"ဟာ မဟုတ်ရပါဘူး Hyung ရာ
စကားတိုင်းကို အထအန လိုက်မကောက်ပါနဲ့ဗျာ"" ကဲ Hyung တို့ရာ စကားမများကြပါနဲ့ ဒီက Tae Tae လေးကပဲ ဝင်ဖျန်ဖြေပါတယ်နော်"
Tae Hyung ageyoလေး သုံးလိုက်မှပဲ ပြုံးစိစိနဲ့ စကားနိုင်လုတာ ရပ်သွားတဲ့ အကိုတွေ