Lee Byung Woo အခြေအနေ သိပ်မဟန်သည့် အနေအထား ရောက်တော့မှ Tae Hyung တို့
Jung Kook ကို ဝင်ဆွဲကြသည်။
ဘယ်လောက်တောင် အားပြင်းလဲဆိုတာတော့
အသက်ကို ခပ်မြှင်းမြှင်းရှူနေရတဲ့ Lee Byung Woo ခန္ဓာကိုယ်ရယ် သွေးတွေထွက်ကာ အရိုးတွေတောင် ငေါထွက်ချင်နေသည့် Jung Kook ညာဘက်လက်က သက်သေပင်။ Nam Joon Hyung ကတော့ ခုနကအတိုင်း Tae Hyung ကို မကြည်ကြည့်နဲ့ ကြည့်နေမြဲပင်။ထားလိုက်ပါလေ Nam Joon Hyung ကအကျိုးသင့် အကြောင်းသင့် ပြန်ရှင်းပြရင် အမြဲတမ်း နားလည်ပေးသူပင်။ သူတို့ ကျောင်းဝန်းထဲက ထွက်လာကာ ကားနားသို့ရောက်တော့"Nam Joon Hyung ကျွန်တော် Jung Kookနဲ့ စကားပြောစရာရှိလို့ အရင် ပြန်နှင့်ပါလား။ Jung Kook အနာအတွက်လည်း မစိုးရိမ်ပါနဲ့။ ကျွန်တော့်မှာ ဆေးပါတယ် ။ကျွန်တော်ကိုယ်တိုင် ဆေးလိမ်းပေးလိုက်မယ်"
"ကောင်းပြီလေ ။ Jung Kook အပြန် အရမ်းနောက်မကျစေနဲ့ ။ ငါစောင့်နေမယ်"
"ဟုတ်ကဲ့ Hyung "
Tae Hyung ကို တင်းနေသော NamJoon Hyung ကတော့ Jung Kook ကို အမှာစကားခြွေပြီးတာနဲ့ သူ့ကို မနှုတ်ဆက်ပဲ ပြန်သွားလေသည်။
" Jung Kook ကားထဲလာ ။ သွားစရာရှိတယ်"
"Nae Tae Tae Hyung "
Tae Hyung Jung Kookကို ခေါ်ကာ ဟန်မြစ်ဘေးသို့ ကားမောင်းထွက်လာလိုက်သည်။ ဟိုရောက်တော့ အနာကို သေချာ အရက်ပြန်နဲ့ဆေးကာ ဆေးထည့်ပေးလိုက်သည်။လိုရမယ်ရ Jimin အတွက်ဆောင်ထားသော အကိုက်အခဲပျောက်ဆေးကိုပါ တိုက်လိုက်သေးသည်။ စိတ်ကူးထဲက အတွေးကတော့ အပြင်ဘက်မှာ လေညင်းခံရင်း စကားပြောဖို့ လုပ်ထားပေမယ့်
ကားမှန်ခဏဖွင့်မိတာတောင် သေလောက်အောင် အေးသော ရာသီဥတုကြောင့် ကားထဲမှာပဲ စကားပြောဖို့ ဆုံးဖြတ်လိုက်လေသည်။"မင်း Jimin ကို တကယ် ညီအစ်ကိုလိုပဲ သတ်မှတ်ထားတာလား"
"ဟုတ်ပါတယ် Jimin Hyung က ကျွန်တော့်အတွက် သူငယ်ချင်းကောင်းလည်း ဟုတ်သလို အကိုကောင်း တစ်ယောက်လည်း ဟုတ်ပါတယ်။ ကျွန်တော့်ကြောင့် ကိစ္စတွေက ဒီလောက်ကြီးထိ ဖြစ်လာခဲ့မှန်းတကယ်မသိခဲ့တာပါ"
အပြင်ပိုင်း မာကျောပေမယ့် စိတ်ဓာတ်နူးညံလွန်းတဲ့
Jung Kook က တော့ ပြောရင်းနဲ့ မျက်ရည်ကျနေလေသည်။
