b

375 58 8
                                    

Zaw Gyi

"အားးးး Kim Tae Hyung"

Jimin အားကုန်အော်ကာ Tae Hyung ကို ကုတင်ပေါ်မှ ကန်ချလိုက်သည်။ကုတင်ပေါ်မှ ဘုတ်ခနဲ ပြုတ်ကျသွားသော Tae Hyung မှာတော့ အင့် ဆိုတဲ့ အသံသာထွက်ပြီး အိပ်ချင်မူးတူးနဲ့ ထလာသည်။

"ဝါးးးးး ဘာဖြစ်လို့လဲ Jiminရဲ့။ "
ဆံပင်တွေကို တဗျင်းဗျင်းကုတ်ကာ တစ်ဝါးဝါးသန်းပြီးထလာသော Tae Hyung။

"မင်းက ဘယ်လိုဖြစ်ပြီး ကုတင်ပေါ်ရောက်နေတာလဲ"

စောင်ကို တစ်ကိုယ်လုံး ကွယ်အောင်ဆွဲခြုံကာ Jimin မေးလိုက်သည်။

"အာ အဲ့ဒါက ညက ငါ ပြန်လာတာ နောက်ကျတယ်လေ။ ပြန်ရောက်ရောက်ချင်း အရမ်းလည်းအေးနေတာနဲ့ ဆိုဖာပေါ်မှာ မအိပ်နိုင်တော့လို့ ကုတင်ပေါ်မှာ တက်အိပ်လိုက်တာ။ မင်း လန့်သွားတယ်ဆိုရင် ငါတောင်းပန်ပါတယ်"

Tae Hyung က မျက်နှာငယ်လေးနဲ့ တောင်းပန်လာသည်။

"အဲ့ဒါဆိုရင် ရ ရပါတယ်"

"ငါ မျက်နှာသွားသစ်လိုက်ဦးမယ်နော် အဲ့ဒါဆို"

Tae Hyung ရေချိုးခန်းထဲ ဝင်သွားမှ Jimin အသက်ဝဝ ရှူနိုင်တော့သည်။ဘယ်လောက်ပဲ
Kim Tae Hyung ဟာ Alpha ကောင်းဖြစ်စေကာမူ သူ Alpha တွေနဲ့ မပတ်သတ်ချင်။ Alpha မှန်သမျှက စိတ်ဒါဏ်ရာရော ကိုယ်ဒါဏ်ရာ ပေးတဲ့ နေရာမှာ သိပ်တော်ကြသည်။ Jungkook နဲ့ Jimin အမြဲမနာလိုဖြစ်ခဲ့ရ​သော JungKook အချစ်တော်ကြီး Kim Nam Joon ဆိုသောသူ။
Lee Byung Woo ဆိုသော အကောင်လည်း အပါအဝင်ပင်။ အရင်တည်းက မျက်မှန်းတန်းခင်မင်ခဲ့သော Lee Byung Woo သည် သူ ခိုကိုးရာမဲ့ပြီး Heat ဖြစ်နေသောအချိန်တွင် သူ့အား အနိုင်ကျင့်ခဲ့သည်။
ကိစ္စတွေအပြီး ခွေးသူတောင်းစားနဲ့ လွတ်လွတ်ကင်းကင်းနေတော့မှ ကိုယ်ဝန်ရှိနေမှန်း သိရသည်။ ကိုယ်ဝန်ကိစ္စတိုင်ပင်ရန် ကျောင်းမှာ သွားတွေ့တော့ ကိုယ်ဝန်ဖျက်ချရန်ပြောသော
Lee Byung Woo ကို Jimin စထိုးရာမှ သေအောင် အရိုက်ခံခဲ့ရသည်။ ကလေးကို မထိအောင် ကာထားခဲ့ပေမယ့်လည်း Zeal Omega ဖြစ်သောကြောင့်
သွေးလန့်ကာ ပျက်ကျခဲ့သည်။ Jimin ရှေ့လျောက် ဘယ်လိုဆက်လုပ်ရမယ်မှန်းမသိတော့ ။

ငယ်ငယ်တည်းက ကံဆိုးခဲ့သော သူ့ဘဝ ဘယ်အချိန်ထိ ကံဆက်ဆိုးနေမလဲ မသိတော့။ အချိန်ပိုင်းအလုပ်ကလည်း တစ်လနီးပါး နားလိုက်ရတော့ အကုန်ပြုတ်လောက်ပြီ ထင်သည်။လက်ရှိ နေနေသော အဆောင်ကလည်း လူသစ်မတင်ရန် ph ဆက်ပြောတော့ သူမရှိတဲ့ ငါးရက်လောက်တည်းက လူတင်ထားသည်ဟု ပြန်ပြောလာသည်။ Kim Tae Hyung ကိုလည်း ဆေးဖိုးအကြွေးတွေ ဆပ်ရဦးမည်။ Jeon အိမ်တော်ကိုလည်း မပြန်ချင်။ Park Jimin ဘဝကတော့ ရှေ့လျောက် တကယ်ကို မတွေးရဲစရာပင်။

UntitledWhere stories live. Discover now