"Tae Hyung na"
အနားနားရောက်သည်နှင့် Nam Joon Hyung က
အံ့သြသလိုကြည့်ပြီး Tae Hyung နာမည်ကို လှမ်းခေါ်သည်။ Tae Hyung Hyung ကို တစ်ချက်ပြုံးပြလိုက်ပြီး Park Ji Min ဆိုသူရဲ့ ph လေးကို Jung Kook ကိုထောင်ပြကာ"Park Ji Min က အခုလေးတင် ခွဲစိတ်ခန်းထဲ ဝင်သွားတယ် ညီလေး"
"အဲ့ဒါဆို Jimin Hyungကို ဆေးရုံလိုက်ပို့ပေးတဲ့သူက Hyungပေါ့"
Tae Hyung ခေါင်းတစ်ချက်ငုတ်ပြလိုက်တော့
"ကျေးဇူးတင်ပါတယ် Hyungရယ် ဒါနဲ့ Jimin Hyung က ဘယ်လောက်တောင် ဆိုးရွားနေလို့ ခွဲစိတ်ခန်းထဲတောင် ဝင်ရတာလဲ"
"Hyung ဒါကို နောက်မှ အေးဆေးပြောပြမယ် အခု Park Jimin ရဲ့ ကိုယ်ရေးအချက်အလက်ကို ဖြည့်ခိုင်းနေလို့ Hyung ကဘာမှမသိလို့ ညီလေးကပဲ ဖြည့်ပေးလိုက်ပါဦး"
"အာ Nae Hyung"
Jung Kook Reception ကိုသွားတော့
Nam Joon hyung က ကျွန်တော့်ကို လက်မောင်းအရင်းမှ ဆွဲကာ ခပ်ဝေးဝေးဆီ ခေါ်ထုတ်လာသည်။"ဟေ့ကောင် ဘာဖြစ်တာလဲကွ"
"ပြောရမှာတော့ နည်းနည်းခက်တယ် Hyung ရ
မျက်နှာကိုတော့ အထိုးခံထားရတာ စုတ်ပြတ်သတ်နေတာပဲ
ကိုယ်ဝန်ကတော့ သူ့ဟာသူ လန့်လို့ဖြစ်တာလား။ ဟိုဘက်က လက်လွန်တာလားတော့ မသိဘူး""ဟူး ခက်ပါတယ်ကွာ"
"နေစမ်းပါဦး Park Jimin နဲ့ Jeon Jung Kook တို့က ဘာတော်တာလဲ"
"သူရဲ့ မွေးစားအကိုတဲ့ကွ ငါလည်း ခုနကမှသိတာ"
"အော် ဒါနဲ့ Hyung တို့က ok သွားကြပြီလား"
Tae Hyung မေးလိုက်တော့ Nam Joon Hyung က ရုတ်တရက်ကြီး ခေါင်းကို အောက်စိုက်ကာ ဆေးရုံကြမ်းပြင်ကို ခြေထောက်နဲ့ကလော်နေပြီး "အေး" ဆိုသော အသံကို ရင်ခေါင်းသံကြီးနဲ့ ပြန်ဖြေသည်။
တကယ်ပါ သူကပဲ ရှက်ကတယ်ပဲရှိသေး။"ကဲ Hyung ရှက်ပြီးရင်လည်း Jung Kook ဆီသွားရအောင် ဟိုမှာတစ်ယောက်တည်း"
"အေးပါကွ မင်းကလည်း"
သူနဲ့ Nam Joon Hyung reception ဆီသွားတော့ Jung Kook ကမရှိတော့။ ထင်သည့်အတိုင်း ခွဲစိတ်ခန်းရှေ့သွားတော့ အခန်းရှေ့က ထိုင်ခုံလေးမှာ မျက်နှာငယ်လေးနဲ့ ထိုင်စောင့်နေသည့်
Jung kook။ Jung Kook မျက်နှာကို ကြည့်ရတာတော့ တော်တော်လေးကို ပူပင်သောကရောက်နေပုံရသည်။ Nam Joon Hyung ကတော့ Jung Kook ဘေးမှာထိုင်ကာ Jung Kook လက်လေးတွေကို ဆုပ်ကိုင်ပေးထားသည်။
Jung Kook ကိုကြည့်ပြီး ဒီအခြေအနေကို ထူးဆန်းနေသည်ဟု ထင်မိသည်။ Kim Tae Hyung ရဲ့ အထင်တွေက မှန်ခဲ့တာတွေချည်းပင်။ သေချာပေါက် သေချာပေါက် Jeon Jung Kook နဲ့ Park Jimin ကြားမှာ တစ်ခုခုကို ရှိနေသည်။