*Hospital Love* Part-1

11.9K 566 10
                                    

ကားလေးတစ်စီး လမ်းမပေါ်မှာ အရှိန်ပြင်းစွာ မောင်းနှင်လာတယ်

ကားပေါ်မှာတော့ ကောင်လေး တစ်ယောက် စိတ်ရှုပ်စရာ အတွေးတွေနဲ့

wae wae?? ဘာလို့လဲ ဘာလို့ ငါ့ကိုနားမလည်တာလဲ ဘာလို့ငါ့ခံစား ချက်ကို ထည့်မတွက်တာလဲ

ခေါင်းတွေကိုက်လာတယ် အမြဲလိုချင်တာရပြီး လုပ်ချင်တာ အကုန် လုပ်ခဲ့ရတဲ့ သူ့အတွက် ဒီကိစ္စက တော်တော်ကို ဆိုးရွားပါတယ်

အမြဲအလိုလိုက်ခံရပေမယ့် ခုတော့

သားကို လက်ထပ်ပေးဖို့ စီစဉ်ပြီးပြီ

ဗျာ appa ဘာပြောလိုက်တာလဲ

မင်းလုပ်ချင်ရာ လုပ်နေရမယ့် အရွယ် မဟုတ်တော့ဘူ်းမင်း အိမ်ထောင်ပြုသင့်ပြီ

appa စကားကြောင့် omma omma ကို လှည့်ကြည့်မိသည် အားကိုးတကြီး ပေါ့ ဒါပေမယ့် omma က

ဟုတ်တယ် သား ဘယ်အချိန်ထိ ကလေးလုပ်နေဦးမှာလဲ မင်း appa ပြောတာမှန်တယ်

ဟာ..... သား လက်မခံဘူး ဘယ်လိုမှ မဖြစ်နိုင်ဘူး သား စိတ်တောင်မကူးဖူး တဲ့ ကိစ္စကို

ပြောပြီးထွက်သွားဖို့ လုပ်လိုက်တော့ Oh Sehun မင်းကို ဒီတစ်ခါတော့ အလိုမလိုက်နိုင်ဘူး ပေါ့ပျက်ပျက် လုပ်ဖို့ မစဉ်းစားနဲ့

ကားသော့ယူပြီး အပြင်ထွက်ဖို့ ပြင်လိုက် တော့

သား သား Hun လေး ဘယ်သွား မလို့လဲ

စိတ်လိုက်မာန်ပါ ဇွတ်လုပ်တတ်တဲ့ သူ့အတွက် omma က စိတ်ပူတယ်လေ

ဒါက ဘယ်လဲ

appa အသံ

appa appa က တစ်ခါမှ အဲ့လောက် အသံမမာဖူးဘူး ခုနကလည်း ဘာ Oh Sehun တဲ့ တစ်ခါမှ အဲ့လို မခေါ်ဖူးဘူး appa ရဲ့ ဆက်ဆံပုံတွေက အရမ်း သူစိမ်းဆန်လာတယ်

ဘာလဲ appa တို့ omma တို့က ငွေက လွဲပြီး တစ်ခြားဘာမှ မမြင်ဘူးလား သားကို ရောင်းစားရအောင် ပစ္စည်းမဟုတ်ဘူး

မင်း Oh Sehun...... appa ဒေါသတကြီး အော်လိုက်တော့

ဘာမှားသွားလို့လဲ ကျွန်တော် ပြောတာတွေ အမှန်ကြီးပဲ appa တို့ စီးပွားရေးအရ စီစဉ်တဲ့ ဒီလက်ထပ်ပွဲကို ကျွန်တော်က နှလုံးသားမရှိတဲ့ ကျောက်ရုပ်လို လက်ခံရမှာလား

သား မပြောပါနဲ့တော့ သားရယ်

omma ဝင်တားပေမယ့်.....

မဲ့ပြုံးပြုံးလိုက်ပြီး

ကျွန်တော် ကတော့ ဒီလိုအဖြစ်မျိုး အဖြစ်မခံနိုင်ဘူး ဘယ်လိုမှ လက်မခံနိုင်ဘူး ရောင်းစားရအောင်ထိ ကျွန်တော်

ခွပ် လက်သီးတစ်ချက် မျက်နှာပေါ် ကျရောက်လာတယ်

မျက်နှာ တစ်ခုလုံး ကျင်တက်ပြီး နှုတ်ခမ်းစွနိးးမှာ သွေးစနီလေးတွေ

ထိုးတယ် ဟုတ်တယ် appa က ထိုးလိုက်တယ် တစ်ခါမှ မလုပ်ဘူးတဲ့ လုပ်ရပ်ကို appa လုပ်လိုက်တယ်

တောက်....... ဘာ ရောင်းစားတယ် မင်းပြောစရာလား မင်း မင်းကွာ........appa ခေါင်းကို ကိုင်ပြီး ထိုင်ချလိုက်တယ်

yebow အဆင်ပြေရဲ့လား သွေးတိုးပြီ ထင်တယ် စိတ်လျှော့ပါနော်

သားရေ သား

omma လှမ်းခေါ်ပေမယ့် ခြေလှမ်းတွေ က အိမ်အပြင်သို့ appa ဆီက ကြားလိုက်ရတာက ထွက်သွား ဘယ်တော့မှ ပြန်မလာနဲ့

စဉ်းစားလေ မွန်းကြပ်လေ ငွေ အဲဒီ ငွေကြောင့် အရမ်းချစ်တဲ့ appa ရဲ့ လက်သီးတစ်ချက် နဲ့ ထွက်သွား ဆိုတဲ့ စကား သူလည်း မပြောသင့်တာတွေ ပြန်ပြောမိပြီး အခုဆို omma omma ငိုနေလောက်ပြီ

ဘာကြောင့်လဲ ကျွန်တော်တို့မှာလည်း ငွေတွေများကြီး ရှိလျက် ဘာတွေကို လောဘကြီးနေတာလဲ appa ရယ်

ရင်ဘတ် တစ်ခုလုံး နာကျင်နေတယ် မျက်ရည်တွေမကျဆင်းအောင် အောက်နှုတ်ခမ်းကို ဖိကိုက်ထားပေမယ့် မျက်လုံးလေးတွေ ဝေဝါးလာပြီးနောက်

ဒုန်း.............

ဘာမှမပြောဘဲ new်လေး update လိုက်တယ် ဘိုနေလဲဟင် အစဆိုတော့ မင်းသားလေး Hun ပေါ့နော် နောက်ဆို မင်းသမီးလေး လာမယ် ဟီး Hospital Love ကို one shot အနေနဲ့ fb မှာ ရေးခဲ့ပေမယ့် ခု ဇာတ်လမ်းလေး ပြောင်းဖို့ စဉ်းစားထားတယ်

Waiting for vitamin votes and feedbacks.... gamsamitha...90° bows... saranage <3

Misses,No reason,one shots collection ဆက်လာမယ်နော်

*Hospital Love*Where stories live. Discover now