*Hospital Love* Part-4

5.1K 419 4
                                    

Hun ကတော့ ကြောင်တောင်တောင် လေးပြန်ကြည့်နေပြီး

ဘယ်သူလဲဟင်

သား သားလေး omma လေ omma

မသိဘူး ဘယ်သူလဲ omma ဆိုတာ ဘာတွေလဲ

သား သတိထားပါဦး appa တို့ကို မနောက်ပါနဲ့နော်

အားးးး Hun ခေါင်းကို ကိုင်ပြီး စူးစူးဝါးဝါး အော်နေတယ်

ဟိုလေ ခဏလောက် လူနာက အနားယူမှ ဖြစ်မယ် သူ့နဲ့ ခဏလောက် စကားပြောရမယ် ထင်တယ်

Lu ပြောလိုက်တော့ Suho က Lu ကို လှမ်းကြည့်လိုက်တယ် ရရဲ့လား ဖြစ်ပါ့မလား ဆိုတဲ့ အကြည့်တွေနဲ့ပေါ့

Lu က ပြုံးပြီး ခေါင်းညိတ်လိုက်တော့

လူနာရှင်တွေ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ လူနာအကြောင်း ဆွေးနွေးရအောင်

Lu Hun ကို စိတ်မကောင်းစွာ ကြည့်နေတယ် သူ စိတ်ပူခဲ့တဲ့ အရာတွေ ဖြစ်လာပြီလေ

Hun ကတော့ ကုတင်ပေါ်မှာ ခေါင်းခါလိုက် ခေါင်းကိုဖိလိုက် မျက်နှာကလည်း အလိုမကျတဲ့ ပုံစံနဲ့

သူ ဒီအခြေအနေကို နားမလည်နိုင် ဖြစ်နေတယ်

လူနာ လူနာ့ နာမည်က Oh Sehun နော် Annyeong! ကျွန်မက Luhan ပါ Lu လို့ပဲ ခေါ်ပါ ကျွန်မက ရှင့်ရဲ့ Doctor ပါ

ဟိုလေ ကျွန်တော် ဘာဖြစ်တာလဲဟင်

အင်း အခု ဘာတွေမှန်းမသိ ဘာကိုမှ စဉ်းစားမရဖြစ်နေတယ်မလား

ဟုတ် ဟုတ်ပါတယ်

စိတ်မပူပါနဲ့ ဖြည်းဖြည်းချင်း တွေးကြမယ်နော် အေးအေးဆေးဆေး ပေါ့ အခုတော့ ကောင်းကောင်း အိပ်လိုက်ပါ

တစ်ဖက်မှာလည်း Suho နဲ့ Hun မိဘတွေနဲ့ Soo တို့မိသားစုလည်း ပါတာပေါ့နော်

Doctor ရယ် သားလေး ဘယ်လိုဖြစ်သွားတာလဲဟင်

လူနာက အတိတ်မေ့သွားတာပါ

ရှင် ဗျာ

ဟုတ်တယ် သူ ဆေးရုံရောက်တော့ ခေါင်းက တော်တော်ထိထားတာ အဲ့လိုလူနာအများစုက ဒီလို ဖြစ်တတ် တယ်

ဒါဆို ကျွန်မတို့ သားလေးက

အရမ်းမစိုးရိမ်ပါနဲ့ အချိန်တော့ ပေးရမှာပေါ့ လုံးဝ မေ့သွားတာတော့ မဟုတ်ပါဘူး

*Hospital Love*Hikayelerin yaşadığı yer. Şimdi keşfedin