*Hospital Love* Part-6

4.9K 407 6
                                    

Oppa ဒါတွေက
Soo ကိုယ့်ကို လက်ထပ်ခွင့်ပေးပါ ကိုယ်အခုချိန်မှ မပြောလိုက်ရရင် နောင်တရသွားမှာစိုးလို့

Oppa ရယ် ....
Soo ဝမ်းသာလွန်းလို့ မျက်ရည်လေး တွေကျဆင်းလာတယ်

ဒ်ီလောက်ချစ်ဖို့ကောင်းတဲ့ oppa မရှိတော့ဘူး ကြည့်ပါဦး အခန်းထဲမှာ ပန်းတွေကြဲဖြန့်ထားပြီး ပူဖောင်းလေး တွေ ချိတ်ဆွဲထားတယ် ပြီးတော့

Soo နဲ့သူနဲ့ နှစ်ယောက်တွဲ ရိုက်ထားတဲ့ ပုံကို နံရံမှာ ချိတ်ထားပြီး အဲ့ဒီ့ပုံရဲ့ အောက်မှာ Soo ရဲ့ ရယ်ပြုံးနေတဲ့ ပုံတွေကို Heart shape ဖော်ပြီး ကပ်ထားလေရဲ့

Soo အရမ်းပျော်နေမိတယ် ဒီလို propose ကို Soo လက်မခံရင် ရူးနေလို့ပဲ ဒါပေမယ့်

Oppa ခု Soo က

ကိုယ်နားလည်ပါတယ် ဒါပေမယ့် ကိုယ်တော့ ကြိုးစားမယ်လေနော် Soo မိဘတွေ သဘောတူအောင် ပြီးတော့ ကိုယ့်မိဘတွေကိုလည်း ဖွင့်ပြောရ အောင်နော်

Oppa ကို Soo အရမ်းချစ်ပါတယ် တစ်ချိန်မှာ Soo ရဲ့ သတို့သားက Oppa ပဲဖြစ်ရမယ်

ဒါပေါ့ ဒီလိုပဲဖြစ်ရမှာပေါ့ Soo ရယ်

Soo ရဲ့ နှုတ်ခမ်းလေးတွေ နွေးထွေးမှုကို ခံစားလိုက်ရတယ် တစ်ချိန်တည်းမှာပဲ Soo ရဲ့ လက်ချောင်းလေးမှာ လှပတဲ့ လက်စွပ်လေးက နေရာယူလိုက်တယ်

Oppa နော် လူကို အံ့သြအောင် လုပ်တယ် Soo ဘယ်လောက် ရင်တွေခုန်နေလဲသိလား

ကိုယ်လည်း ရင်တွေအရမ်းခုန်နေတယ် Soo ရယ်

အခန်းလေးကတော့ ချစ်ခြင်းတွေနဲ့ ပြည့်နှက်သွားပြီး လှပနေလေသည် ....

At Hospital,

Lu မင်းအဲ့လူနာကို အရမ်းဂရုစိုက်နေ သလိုပဲ

ဟင် ဆရာဝန်က လူနာကို ဂရုမစိုက်ရင် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ

Suho အနေနဲ့ Lu Hun ကို အပေါ် ဆက်ဆံမှုတွေ ပိုနေတယ်ထင်နေမိတယ်

ငါပြောတာ အဲ့လိုမဟုတ်ဘူး မင်းစဉ်းစားကြည့်ပါ သူ့ကို သနားတဲ့ စိတ်နဲ့ပဲ မင်းက ဟူးးး တော်ပြီ ထားလိုက်တော့

Suho ထွက်သွားတော့ Lu စိတ်ရှုပ်ထွေးသွားတယ်

နေပါဦး ငါဘာတွေ လုပ်နေမိလို့လဲ

မင်း မင်း အဲ့ Hun ဆိုတဲ့ ကောင်လေးနောက် ပါသွားမှာ ကိုယ်ကြောက်တယ် Lu ရယ်

ကိုယ့်ခံစားချက်တွေ မင်းနားမလည်ပါ ဘူးကွာ ကိုယ် အရမ်းစိုးရိမ်နေမိတယ် မင်း ကိုယ့်အနားက ထွက်သွားမှာကို

မပိုင်ဆိုင်ရရင်နေပါစေ ဒီတိုင်းလေး နေချင်တယ် ကိုယ် ကိုယ် မင်းကို
Suho တွေးရင်း ဝမ်းနည်းလာတယ်

တံခါးလေးပွင့်သွားတော့ Hun အိပ်ချင်ယောင် ဆောင်နေလိုက်တယ်
Lu နှိုးတာ ခံချင်လို့လေ ဒါပေမယ့်

လူနာ ဆေးသောက်ဖို့ အချိန်ရောက်ပြီ

သူမျှော်လင့်ထားတဲ့ Lu အသံ မဟုတ်ဘဲ Nurse ရဲ့ အသံ

Nae သောက်လိုက်ပါ့မယ်

သားရေ omma လာပြီ

ကျွတ် Hun စိတ်ညစ်သွားတယ် သူ့ကို အတင်းအကြပ် အရင်အကြောင်းတွေ ပြောပြပြီး စဉ်းစားခိုင်းတော့မယ် ဆိုတာ Hun သိနေတယ်

ဒါပေမယ့် Omma ယူလာတဲ့ ထမင်းနဲ့ ဟင်းကိုတော့ စိတ်ထဲ ရင်းနှီးနေမိတယ် သူဒါကိုတော့ သဘောကျတယ် သူ့ကို ဖိအားပေးတာကလွဲလို့ပေါ့

ဒါပေမယ့်လည်း Omma ရဲ့ အသံကို ရင်းနှီးနေသယောင် သူအရမ်းချစ်ခဲ့တဲ့ Omma ကို မမှတ်မိပေမယ့်လို့ပေါ့

Omma ဆိုတဲ့ သူမသိတဲ့ Arjima ကတော့ ပြန်သွားပြီ Lu ဟုတ်တယ် သူ ဒီနေ့ ရောက်မလာဘူး အမြဲ စကားတွေ လာပြောပေမယ့် သူ့အသံကို မကြားရတော့ တစ်ခုခု လိုနေသလိုပဲ

ဒီနေ့ Lu အလုပ်တွေ အရမ်းရှုပ်နေ တယ် လူနာတွေ ဆက်တိုက်ကျလာပြီး နောက်နေ့အတွက် Operation ကလည်း ရှိသေးတယ်

ဟူးးးး ဒီရက်ပိုင်းအတွင်း Hun ဆီ သွားနိုင်မှာ မဟုတ်တော့ဘူး Lu စိတ်တွေ Hun ဆီ ရောက်သွားတယ်

Lu ဒီနေ့ Night Duty လား Suho လှမ်းမေးလိုက်တော့

ဟုတ်တယ် ဒီနေ့ရှိတယ် နင်ရောပဲမလား အင်း တူတူပဲ

တစ်ညလုံးပင်ပန်းထားတော့ Lu တော်တော်နုံးနေတယ် ဒါနဲ့ အိမ်ပြန်ပြီး နားဖို့လုပ်လိုက်တယ် ညကျ တစ်ခါပြန် ဝင်ရမယ်လေ

သူ့အကြောင်းသူသိတယ် ပင်ပန်းလို့လဲ သွားရင် တော်တော်နဲ့ ပြန်မထနိုင်ဘူး

Lu အိမ်ပြန်နေတုန်း ဆေးရုံမှာတော့ ????

Waiting for vitamin votes and feebacks...saranghae..

gamsamitha...90° bows...

*Hospital Love*Tempat cerita menjadi hidup. Temukan sekarang