Part 1

1.7K 38 0
                                    

စိတ်ထဲအရမ်းပေါ့ပါးပြီး အရမ်းလွတ်လပ်တယ်လို့ခံစားနေရတယ်။

အရာရာကဝါးတားတားပဲ ဒါမဲ့ သိပ်ပျော်နေတာတော့ကျိန်းသေတယ်....

"အမလေးဗျ!"

လာပါပြီး ပေါ်လာပါပြီ သူရမင်းဈာန် တို့စိတ်လွတ်လက်လွတ်ပျော်ရတယ်ကိုမရှိဘူး အမြဲအပျော်ပျက်ရတယ်။

"Cheeeeeeeee"

ဝိုးတိုးဝါးတားပဲ စျာန်လူတယောက်ပြုံးနေတာကို‌ တွေ့တယ်။ အက်လူလက်ကသူ့ကျောပေါ်မှာဖက်လျှက် အယ်...ဈာန့်ကိုဖမ်းထားတယ်ဆိုပါစို့။ ဒီလူ့ကြည့်ရတာ တည်ငြိမ်ပြီး အေးချမ်းနေတယ်။ဒါမဲ့ ဒီလူကဈာန်ပျော်နေတာကိုဖျက်ဆီးတဲ့သူ!

"Hey, what the fuck guy!"

ဆဲလိုက်တာတောင် သူကအပြုံးမပျက်ဘူး ဆက်ရီနေတယ်။ကျန်တဲ့အရာတွေဝိုးတိုးဝါးတားပေးမယ့် သူ့အပြုံးကိုတော့ ဈာန်သေချာမြင်နေရတယ်။

"Let me go!
Stay away from me."

"Hey! မင်းမြန်မာထင်တယ်"

မျက်လုံးတောင်ကျယ်သွားတယ် သူရမင်းဈာန်ဆိုတဲ့လူသားအပျော်လွန်နေကတည်းကိုကထူးဆန်းနေတာ..အိမ်မက်လားပဲ။ စပိန်ရောက်နေတာအတော်ကြာပြီ တနည်းအားဖြင့် မြန်မာစကားသံမကြားရတာတော်တော်ကြာပြီလေ အဖေကိုယ်တိုင်မောင်းထုတ်ခဲ့တာကို...ဒီမှာမြန်မာလူမျိုးနဲ့တွေ့ခွင့်ရမယ်လို့ဘယ်သူထင်မလဲ။တိုက်ဆိုင်လွန်းတာလား ရေစက်ရယ်လား မသိချင်ပါဘူး.. ဘာပဲဖြစ်ဖြစ် ဒီလူစျာန့်ကိုဖက်ထားတာတော်တော်ကြာပြီ!

"ဟုတ်တယ် မြန်မာ.. လွှတ်စမ်းပါ မြန်မြန်"

"မင်းလွှတ်ခိုင်းတာနော်..လွှတ်ပြီ!"

!အလို...အားလားလား ကြမ်းပြင်ပေါ်ဖင်နဲ့ကျပြီး ဖင်နှောင်ရိုးအောင့်တာလောက် နာကျင်တာမရှိဘူး။ လွှတ်ဆိုတိုင်းဒီတိုင်းလွှတ်ချလိုက်ပြီး..ခပ်ယဲ့ယဲ့ပြုံးနေသေးတဲ့ဒီလူ! ဆွဲထိုးချင်မိနေတာတော့အမှန်....

"ခင်းများ ဘလိုလူလဲ? ဒီမှာနာသွားပြီ"

"ရော် မင်းပဲလွှတ်ဆို"

ပြုံးစိစိနဲ့ စောက်မြင်ကပ်စရာ အတော့်အတော်ပဲ!

"လွှတ်ဆိုတိုင်းလွှတ်စရာလား ဖြည်းဖြည်းသာသာတော့လွှတ်ပေးအုံးမှပေါ့!"

"BETWEEN"Where stories live. Discover now