Part 2

530 22 2
                                    

ခေါင်းကိုက်လိုက်တာ..

မျက်လုံးရေးရေးဖွင့်ကြည့်မိတော့ မသိတဲ့နေရာတခု!ဇက်ကနဲထမိတယ်...ဘယ်နေရာရောက်နေပါလဲပေါ့။ဆိုးဆိုးရွားရွားအနံ့တခုနှာ‌ခေါင်းထဲအရှိန်ပြင်ပြင်းနဲ့ဝင်လာတယ်။

အန်ဖတ်တွေနဲ့အရက်စော်နဲ့ပေါင်းထားတဲ့အနံ့ တော်တော်ဆိုးပါတယ်။ဘယ်ဟုတ်မလဲ ဈာန့်ကိုယ်ပေါ်ကပဲ ")

တဖြည်းဖြည်းနဲ့ညကအကြောင်းစဉ်းစားမိရင်း ခေါင်းကိုက်လာသလိုလို...

"ကျွတ်..ခေါင်းကိုက်လိုက်တာကွာ"

"မင်း နိုးနေပြီလား?"

ဘယ်လိုကနေဘယ်လိုမှန်းမသိရောက်ချလာသူ!
သေချာစဉ်းစားမိတော့ ညကလူပဲ..
ဈာန်ကမူးသာမူးတက်တာ ဘယ်တော့ဖြစ်ဖြစ် ဘယ်လောက်မူးမူး မူးခဲ့တဲ့ညကဖြစ်ခဲ့တာတွေကိုတော့အကုန်လွယ်လွယ်နဲ့ပြန်မှတ်မိတက်တယ်။

"အော် ခင်များ..ဒါခင်းများအိမ်လား?"

"အင်း ဟုတ်တယ် ညကမင်း အိမ်ဘယ်မှာလဲ မေးလို့မရအောင်ကိုမူးနေလို့ ငါ့အိမ်ပဲခေါ်လာလိုက်တာ။ ခနနေထွက်ခဲ့လေမုန့်စားရအောင်...
ရေချိုးခန်းထဲမှာ သွားတိုက်တံအသစ်တော့ရှိတယ် မျက်နှာသစ်ဆေးကငါ့ဟာပဲယူသုံးလိုက်"

"အင်းပါ ဒါနဲ့ ကျေးဇူးပဲ..ညကတော်တော်မူးသွားတယ်ထင်တယ် ပြီးတော့အခုခင်းများအလုပ်သွားရမယ်ထင်တယ်ပုံစံက..ကျွန်တော်အခုပြန်လိုက်ပါမယ်"

ပုံစံကြည့်ရ‌တာတော့သူဌေးသားဆိုဒ်ပဲ အလုပ်သွားမဲ့ပုံ ဒါပေမယ့်အေးဆေးဖြစ်နေတယ် အလောတကြီးဖြစ်မနေဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တညအိပ်တာနဲ့တင် အားနာဖို့ကောင်းနေပြီ ခင်တာမှမနေ့ကလေ။

"ရပါတယ် ငါပြောသလိုပဲလုပ်လိုက် အပြင်မှာစောင့်နေမယ် ဗီရိုထဲကကြိုက်တဲ့အဝတ်စားလဲလိုက်နော် သွားပြီ"

"ခ..ခန"

ဟော သူပြောချင်ရာပြောပြီးထွက်သွားပြီ ဈာန်တကယ်အား‌နာနေတာ။

ထားပါလေ မြန်မြန်ပြင်ဆင်ပြီး အိမ်ပြန်ရမယ်

-

ကျွန်တော် ဘုန်းလျှံဆိုတဲ့လူ့ဂွစာ ဘယ်သူ့အပေါ်မှမကောင်းပေးဖူးဘူး ကိုယ့်အတွက်ကိုပဲကြည့်ပြီးမှန်ရာထင်ရင်ဇွတ်လုပ်တက်တာ
ဒီကောင်‌လေးကိုတော့တကယ် စိတ်ထဲကနေကောင်းပေးချင်နေတယ်။

"BETWEEN"Where stories live. Discover now