Part 9

142 7 0
                                    

ရင်ခုန်သံတွေတဒိတ်ဒိတ်နဲ့...
ပြန်သွားသူရဲ့ကျောပြင်ကိုကြည့်ပြီး ကျွန်တော်ခံစားရတာက စိတ်‌မကောင်းခြင်းတွေပဲ...

မအော်လွှတ်လိုက်ချင်ဘူး ကျွန်တော့်စတိုင်အတိုင်းပဲပွင့်ပွင့်လင်းလင်း 'ဟုတ်တယ်ငါရင်ခုန်နေတယ်' ပြောလိုက်ချင်တယ်..ဒါမဲ့..သူ့ကိုမျှော်လင့်ချက်ပေးသလိုဖြစ်သွားမှာကြောက်တယ်။ ကျွန်တော့်မိသားစု ကျွန်တော့်အသိုင်းအဝိုင်းနဲ့ ကျွန်တော်ဂေးဖြစ်နေမယ်ဆို ဘယ်နားနေရမှန်းတောင်သိမှာမဟုတ်ဘူး...

တခုတော့စဉ်းစားမိတယ် ကျွန်တော်အရင်ကမိန်းကလေးတွေကိုပဲရင်ခုန်ဖူးခဲ့တာ အခုဟာကယောကျာ်းလေးတယောက်က ကျွန်တော့်ကိုရည်းစားစကားပြောခဲ့တာ..ပထမဆုံးမို့ရင်ခုန်မိတာလို့ ကျွန်တော်သုံးသပ်မိတယ်။

"ဟုတ်ပါတယ် ရင်ခုန်ရုံသပ်သပ်! ပထမဆုံးမို့ရင်ခုန်တာဖြစ်မှာပါ ဟုတ်တယ်..."

အက်တာဆို ကျွန်တော်သူ့ကိုပွင့်ပွင့်လင်းလင်းပြောချင်တယ်။ သူလည်းမခံစားရအောင် ပြီးတော့ကျွန်တော်က မြန်မာပြည်ပြန်တော့မယ်သူလေ...

-

Ring...🎶

!!!

"Hello ဈာန် ငါ့ကိုဖုန်းဆက်တယ်?"

"အင်း ပြောစရာရှိလို့ "

"ပြေ ပြော ပြောလေ"

"ဟုတ်တယ် ငါရင်ခုန်တယ်"

"ဒါဆို.."

"နေအုံး ငါဆက်ပြောအုံးမယ်..
မင်းကငါ့ကိုပထမဆုံးယောကျာ်ချင်းကြီး ပရိုပိုစ့် လုပ်လို့ရင်ခုန်မိတာလို့ငါထင်တယ်။ အာာ ထင်တာမဟုတ်ဘူး သေချာပါတယ်..ပြီးတော့ငါဆက်ပြောအုံးမယ် ငါ့မိသားစုငါ့အသိုင်းဝိုင်းနဲ့ဒါလုံးဝမဖြစ်နိုင်တဲ့ကိစ္စတွေ အက်တော့မင်းလည်းလက်လျှော့လိုက်တာပဲကောင်းပါတယ်လို့ပြောချင်တယ်"

"မိသားစုအသိုင်းဝိုင်း? Hk ငါ့မှာလည်းရှိတယ်ဈာန်!ဒါမဲ့....ထားလိုက်တော့ ။ မင်းပြောမှာဒါပဲမှတ်လား ငါဖုန်းချပြီ"

ဂွက်!

မိသားစုအသိုင်းဝိုင်း?
ပထမဆုံးမို့?
ယောကျာ်းချင်းကြီး?
လက်လျှော့လိုက်?

"BETWEEN"Where stories live. Discover now