Part 15

102 7 0
                                    

📳

"Hello"

"Hello ဘုန်းလျှံလား"

"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး"

"အခုဘယ်မှာလဲ မလွမ်းရအောင်လာတွေ့မလို့"

"ဟ ဟမ်! ဈာန်? တကယ်ပြောနေတာလား"

"တ‌ကယ်ပေါ့ ဘယ်မှာလဲဆို"

"လာတွေ့လို့ရရဲ့လား ညဘက်ကြီး"

"Hkhk ယောကျာ်းလေးပါ မေ့နေပြီလား"

"ဟုတ်တာတော့ဟုတ်ပါတယ် ဒါမဲ့...."

"ဒါမဲ့တွေဘာတွေလုပ်မနေနဲ့ အရမ်းလွမ်းနေပြီ ဘယ်မှာလဲဆို"

Fkkkk သေပါပြီဗျာ အရမ်းလွမ်းနေပြီတဲ့ ကျွန်တော်မိုးပေါ်ရောက်သလိုခံစားနေရပြီ..

-

ဒေါက်ဒေါက်ဒေါက်!

!!? တကယ် လာပြီပဲ...မြန်လိုက်တာ ငါအရမ်းပျော်နေတဲ့ပုံစံကိုဘယ်လိုဖုံးရမလဲ!

"ဝင်ခဲ့‌ ဈာန်.."

"ပြောအုံးမယ် ဈာန်လို့မခေါ်နဲ့ မကြိုက်လို့ သူရဖြစ်ဖြစ်ခေါ်လေ ရလား"

"အယ် အက်ကိစ္စမေးမလို့ ဘာလို့ သူရမင်းမာန်ဖြစ်သွားတာလဲ အစည်းအဝေးမှာ ငါကြောင်တောင်ကြောင်သွားတယ်"

"အာာာ အက်တာက မြန်မာပြည်ရောက်ရောက်ချင်း ပြောင်းထားတာ အလုပ်မှာဆိုနာမည်မာန်နဲ့လေ အက်လို.."

"ဒါနဲ့ ဘာလို့ဈာန်လို့ခေါ်တာမကြိုက်တာလဲ ဈာန်ဆိုတဲ့နာမည်လေးကအရမ်းချစ်ဖို့ကောင်းတာဟာကို"

"မကြိုက်တော့လို့ပေါ့ မခေါ်နဲ့ဆိုမခေါ်နဲ့ပေါ့!"

"အမ် အင်းအင်း"

"လာပါအုံးးး လွမ်းနေရတာ"

ရင်ခွင်ထဲကိုဆွဲအထည့်ခံလိုက်ရတာကကျွန်တော်တဲ့လားးး?အင်းးးအေးပေါ့လေ သူလည်းယောကျာ်းပဲ တခါတလေတော့ယောကျာ်းလိုပြုမူချင်အုံးမှာပေါ့အပေါ်ကနေချင်အုံးမှာပေါ့လေ။

ထူးဆန်းတာတခုကသူ့ရင်ခွင်ကနွေးနေတာပဲ အရင်ကတခါမှသူဖက်တာမခံဖူးလို့လားမသိဘူး ကျွန်တော်သူ့ကျောလေးကိုပွတ်ပေးပြီးခနလောက် မှိန်းနေမိတယ်။ တကယ့်ကိုနွေးထွေးတဲ့ရင်ဘတ်ကလေးးးး

"BETWEEN"Where stories live. Discover now