Episode 1

2.9K 291 13
                                    


^^Chu!!!!^^

**နဖူးပေါ်က
အနမ်းငွေ့ငွေ့ကြောင့်လူးလွန့်လာမိသည်

ဒါသူပြန်လာပြီပဲ....

တစ်အောင့်လည်းနေရော
ရေချိူးးခန်းဆီက..ရေသံကြားနေရသည်

အခုက
မနက်၄နာရီ သာရှိသေးတာမို့
သားလေးကတော့အိပ်မောကျနေတုန်းပါ

ဒီဘဝထဲ ခက်ခဲပင်ပန်းနေရသောသူ့အား
အရမ်းသနားမိသည်

ခုလိုတွေဖြစ်ပျက်ခဲ့ရတာကလည်း
သူ့ရဲ့ဇွတ်တရွတ်ဆန်မူကြောင့်သာ

အသက်ငယ်ငယ်လေးနဲ့
အိမ်ထောင့်တာဝန်ထမ်းနေရတဲ့
သူ့ဘဝကိုသူကနေပျော်နေပေမယ့်
ကိုယ် မပျော်မိပါ

မနေ့မနက်
ကသူ့မိဘတွေလာတွေ့ရင်းပြောခဲ့
တာတွေအားသတိရမိသွားသည်

သူ့ရဲ့အရည်အချင်းကို
UKက..လုပ်ငန်းစုတခုကခြေရာခံမိပြီး
သူတို့အလုပ်အတွက်လိုအပ်ကြောင်း
လှမ်းအကြောင်းကြားခဲ့သည်ပင်။

အခုလောလောဆယ်
သူ့ကိုသူ့မိဘတွေကအမွှေဖြတ်ထားသည်

ဘာကြောင့်ဆို
ကျတော် နဲ့လက်ထပ်ခဲ့လို့ပင်

စစထဲက
သူ့ကိုရီးစားဖြစ်ခွင့်ပေးခဲ့တာပဲ
မှားယွင်းခဲ့သလားမသိခဲ့

သူ့ရဲ့အနာဂတ် planတွေနဲ့
ငွေထုတ်ပိုက်ကာ
သူ့သားနဲ့လမ်းခွဲပေးဖို့ပြောလာတဲ့မိဘတွေကို
ငွေတွေကိုလက်မခံခဲ့ပဲကတိပေးခဲ့မိသည်

အဲ့ဒီကတိက
သူနဲ့ဖြတ်ပါ့မယ်ဆိုတဲ့ကတိ

မာနနဲ့လမ်းခွဲပေးခဲ့သည်

သူကကိုယ့်ထက်လဲငယ်ရွယ်သည်

သူ့ဘဝကရွှေပေါ်မြတင်နေလာရသူ
ကျောင်းတဖက်နဲ့
အလုပ်လုပ်နေရတဲ့ကိုယ်နဲ့တော့မိုးနဲ့မြေသာ

လမ်းခွဲတဲ့နေ့မှာ
သူယောက်ကျားလေးတန်မယ့်
ငိုယိုဒူးထောက်တောင်းပန်နေခဲ့သည်

သူ့ကိုလမ်းမခွဲဖို့

သူ့ကိုမထားခဲ့ဖို့

သို့သော်

ကိုယ်သည်မျက်နာတချက်အပြတ်မခံကာ
ရအောင်ထားပစ်ခဲ့သည်

FIRST AND LAST (COMPLETED)Where stories live. Discover now