episode 2

1.2K 236 5
                                    

Kim POV

^^ဒီတလောအလုပ်တွေကပိုလုပ်ရနေသဖြင့်
ငွေပိုစုလို့ရခဲ့သည်..

ညဆိုင်းတွေရော နေ့ဆိုင်းတွေပါ
ပိုလုပ်နေရတော့မကြာခင်အိမ်ခန်းလေး
တခန်းဝယ်နိင်တော့မည်ပင်

ဈေးအများကြီးမတတ်နိင်ပေမယ့်
ရသလောက်လေးတွေစုကာ
Hyung .နဲ့သားလေးအတွက်
လုံခြုံသောအသိုက်အမြူံလေး
ဖန်တီးပေးချင်မိသည်

ရှေ့လထဲသားလေးမွှေးနေ့မှာ
Hyung...တို့ကိုအခန်းဝယ်ပေးမည်။

အရင်လိုသူဌေးသားဘဝမှာ..
ပင်ပန်းမူဒဏ်ကိုမခံခဲ့ရပေမယ့်

အခုလို..
Hyungအတွက်ပင်ပန်းနေရတာကို
ပင်ပန်းသည်ဟူ၍မရှိကာ
ပင်ပန်းမူ့ပင်မမူ့နိင် ပျော်တောင်ပျော်မိသည်။

စိတ်၏အတွင်းထဲတွင်လည်း
အခုမှလူပီသလာသလိုခံစားရ၏

နားချိန်လည်းပြည့်နေသည်မို့
လက်ထဲကကော်ဖီခွပ်အား
ဘေးမှာချလိုက်ကာအလုပ်အတွက်စတင်ခဲ့မိသည်

သူကတော့အရမ်းတတ်ကြွနေသည်..

ရင်ဆိုင်ဖို့ခွန်အားတွေလဲရှိနေသည်..

သူ့ဘဝလေးကို
အခုတိုင်းလေး..ဆက်တည်ရှိနေခြင်မိသည်

သူ၏ သက်ဆိုင်သူကတော့
သူ့အားခွဲခွာတော့မည်ကိုသူလေးမသိရှိခဲ့ရသေးချေ

*သားသားက
အရမ်းဆိုးတာပဲလား

... အိပ်ရတော့မယ်နော်
ဗိုက်တင်းသွားပြီဟုတ်
သားသားရဲ့

အယ် မားကိုရီပြနေတာလား..
ခလေး..ရ..
မွမွ...မား..ချော့သိမ့်မယ်နော်*

***6လသား သားလေးအား
ချော့သိပ့်နေသူ***

တခါတလေလေး နားရက်ရမှ
hyungတို့သားအဖသံကြားရသည်

နားရက်ရသော
ထိုနေ့လေးဆို..အပြင်မထွက်ဖြစ်

Hyungတို့..အနားကပ်ကာ
စလိုက်နောက်လိုက်နဲ့
ပျော်နေတတ်သည်

*hyung*

*ဟင်!!!*

ရုတ်တရက် ခေါ်လ်ိုက်တော့
Hyung.လန့်သွားပုံ

သားသားကိုချော့သိပ်နေရင်း
ဘေးတဇောင်းလှဲအိပ်နေသောhyung

ကြည့်နေရင်း
နမ်းပစ်ချင်စိတ်များဖြစ်လာရသည်
သို့သော် ထိန်းချုပ်ထားလိုက်မိသည်။

FIRST AND LAST (COMPLETED)Where stories live. Discover now