[Unicode]
အဆင့်အတန်းနဲ့ကိုယ်ကျင့်တရားကို ငွေကြေးတခုနဲ့သတ်မှတ်နေတဲ့ ပတ်ဝန်းကျင်မှာ
Jungkook ရှင်သန်နေရပေမဲ့ ဒီဘဝကြီးကိုတော့ မမုန်းမိဘူး...ဆင်းရဲတယ်ဆိုရင်တောင် ဘယ်လိုအခြေအနေဖြစ်ဖြစ် အမြဲတမ်းအားပေးပေးနေတဲ့ အမေ ရှိနေသေးတယ်...ဆေးနဲ့အသက်ဆက်နေရတဲ့ အမေ့ ကို စိတ်ဆင်းရဲအောင်အပူမပေးချင်
ဆင်းရဲလို့ အနိုင်ကျင့်ခံရတယ်ဆိုတာ
Jeon jung kook ဆိုတဲ့ ကျွန့်တော့်အတွက် ငယ်ငယ်ထဲကကျင့်သားရနေတဲ့အရာမို့ အထွေအထူးမလုပ်ချင်တော့...အခုလည်း ထုံးစံအတိုင်းပင် ကျောင်းရဲ့ လူချမ်းသာလူမိုက်အဖွဲ့ Jinyoung တို့နဲ့လွတ်တဲ့နေ့မရှိ
'Jeon jung kook မင်းကငါတို့ကျောင်းကိုမရောက်လာသင့်ဘူး
ကျောင်းသိက္ခာကျတယ်ကွ"'ဟုတ်တယ် မင်းအမေက သန့်ရှင်းရေးအလုပ်သမားဆိုတော့ မင်းလည်းကျောင်းခနိးထဲစာမသင်ဘဲ ကျောင်းအိမ်သာဖြစ်ဖြစ်ဆေးနေရမှာ
ကျောငိးကထောက်ပံ့ကြေးနဲ့တက်နေရတဲ့မင်းက မင်းကိုယ့်အဆင့်အတန်းကိုယ်သိသင့်တယ်"သူတို့ပြောနေတာကို ပြန်အော်ပြောချင်ပေမယ့်
Jeon jung kook ဆိုတဲ့ကျွန်တော်ကသူတို့ပြောဆိုနှိမ်သမျှက
ိုသည်းခံနေမှ နေမကောင်းဖြစ်နေတဲ့ ကျွန်တော့်အမေ ဖြစ်စေချင်တဲ့သားတစ်ယောက်ဖြစ်မှာလေ သူတို့ပြန်အော်မိရင်တောင်ကျောင်းထုတ်ခိုင်းနိုင်တဲ့ အာဏာရှိတဲ့သူတို့ဘဝနဲ့ ကျောင်းထောက်ပံ့ကြေးနဲ့တက်နေရတဲ့ ကျွန်တော့်ဘဝမတူပါ"ငါသိတာမို့...အခုအချိန်ပိုင်းအလုပ်ရှိသေးတာမို့ သွားတော့မယ်"
'ငါတို့ပြောလို့မပြီးသေးဘူးလေ...သွားချင်တိုင်းလွှတ် ပေးရမှာလား"
"အချိန်ပိုင်းအလုပ်မဝင်ခင် အမေ့ဆေးရုံသွားရမှာမို့ပါ ငါ တောင်းပန်ပါတယ်"
'မရဘူး မသွားနဲ့ ငါ့ဖိနပ်တိုက်ပေးဦး...သန့်ရှငိးရေးကောင်ရဲ့"
ဆက်ပြီးဂရုမစိုက်ဘဲ ထွက်လာမိတော့ ထွက်လာတဲ့အသံတွေနဲ့ ရောက်လာနေတဲ့လက်သီးချကိတွေ
ငြိမ်ခံနေရင် မြန်မြန်ပြီးနိုင်တာမို့
မရုန်းချင်တော့...ဒီဒဏ်ရာတွေလောက်ကတော့ ခံရပါများတော့
နာတတ်ရကောင်းမှန်းမသိတော့တာထင်တယ်
YOU ARE READING
Pain (✔)
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_31.5.2020 End _1.9.2020