• 9 •

2.2K 298 53
                                    

[Unicode]

အတော်ကြာတဲ့အထိသူတို့နှစ်ယောက်လုံး နေရာကနေ တဖဝါးမှမခွာမိ
ရုတ်တရက်ဗြုန်းစားကြီးထသွားဖို့ပြင်နေတဲ့ Jungkook ကြောင့်ထပ်ပြီးမေးခွန်းထုတ်ရပြန်သည်

'Jungkook ဘယ်သွားမလို့လဲ'

"ခင်ဗျား ခံစားချက်တွေကို ကျွန်တော် နားထောင်ဖို့ နေနေတာ မဟုတ်လို့ ပြောပြမနေနဲ့ ကျွန်တော့်ကို မထွက်သွားစေချင်ရင်"

ဆွဲထားဖို့ပြင်နေတုန်း ဝင်လာတဲ့ဖုန်းကြောင့်
jungkook ကအခွင့်သာသွားသည်ထင် ချက်ချင်းပင်ထွက်သွားဖို့ပြင်သည်

"Oppa....miyeon တို့သွားရအောင် ညကျပွဲအတွက်ပြင်ရဦးမယ်'

'Omm...miyeon ခဏနေ ထွက်ခဲ့မယ် jungkook နဲ့ပြောစရာရှိနေလို့'

"သွားပါ ကျွန်တော်လည်း ခင်ဗျားနဲ့ ပြောနေဖို့ အချိန်မရှိဘူး ကျွန်တော့်ကောင်မလေးနဲ့ တွေ့ရဦးမယ်"

ပြောလည်းမရတော့မယ့်တူတူ ပြောမနေမိတော့.
အဓိကက Jungkook စိတ်ချမ်းသာနေဖိူ့က အရေးကြီးသည်လေ

<~><~>

"Hyung......"

ဒီနေ့လည်း မိဘမဲ့ဂေဟာဆီပဲ သွားမိတယ်
သူ အလုပ်လုပ်တဲ့ဆိုင်လေးမှာ လာပြီး လက်ကမ်းစာစောင်ဝေပေးရတဲ့ minwoo ဆိုတဲ့ ကလေးလေးကို သံယောစဉ်တွယ်မိနေပြီ
ဒီကလေးလေးအပေါ်တော့ ဘဝလေးကိုအကောင်းဆုံးဖြစ်အောင်
ထားနိုင်ဖို့ထိသူမျှော်လင့်သည် အကို့ရဲ့ဖွင့်ပြောလာတဲ့အပေါ်မှာ သူ့အတွက်လမ်းစကပိုပြီးပျောက်ခဲ့သည်လေ
အကို့ကသူနဲ့မထိုက်တန်ပါဘူး

'Jungkookie Hyung  ဘာတွေတွေးနေတာလဲ"

"Omm.....minwoo ဘာလို့ငိုနေတာလဲ"

'အဒေါ်ကြီး ကပြောတယ် ဒီနေရာကို တခြားသူ ဝယ်လိုက်ပြီတဲ့ ကျွန်တော်တို့ နေရာ ပြောင်းရတော့မယ် ပြီးတော့ လာဝယ်တဲ့ သူက ကြောက်စရာကြီး သားကိုလည်း ဝင်ပြောလို့ အော်တယ် အဲ့တာ Hyung ကူညီပေးပါ အဲ့လူကြီးကို မဝယ်ဖို့ ကူပြောပေးပါလား"

"အဲ့လို လွယ်လွယ်နဲ့ ရမယ်ထင်လား ကောင်လေးရဲ့ ငါက ဒီနေရာကို ကြိုက်တာလေ သူပြောပေးတိုင်းရမယ်ထင်လို့လား'

Pain (✔)Where stories live. Discover now