• 10 •

2.1K 283 39
                                    

[Unicode]

အိမ်ပြန်ရောက်တော့ စုစည်းမရနိုင်တဲ့စိတ်တွေကိုစုချပြီး
Jungkook ကိုလိုက်ရှာနေမိသည်
နောက်ဆုံးမီးဖိုချောင်မှာ ရှိနေတာကိုတွေ့တော့မှ သက်ပြင်းယဲ့ယဲ့ချမိသည်

'jungkook.....အကို့ ကိုကတိတခုပေးနိုင်မလား'

"ဘာကတိလဲ ကျွန်တော် လိုက်လျောနိုင်တာဆို လိုက်လျောပေးမယ်"

'Jungkook အရင်တုန်းက အကို နဲ့ စတွေ့တုန်းကလိုပဲနေပေးပါ'

"ကျွန်တော် ပြင်ကြည့်မယ် ဘာလို့ လာပြောနေတာလဲ"

'ဒီတိုင်းပဲ သူလည်း သူ့အပြစ်နဲ့ သူသွားပြီမလား jungkook အမေ ဖြစ်စေချင်တဲ့ သားမျိုးဖြစ်အောင် ပြန်နေပါ'

"ခင်ဗျား ကျွန်တော့်အမေအကြောင်းမပြောနဲ့ ကျွန်တော် ခင်ဗျားကို မမုန်းချင်ဘူး"

'အကို နားလည်ပါတယ် တောင်းဆိုတာပါ'

ဘာအဖြေမှပြန်မပေးမိတော့
အကိုအခုနောက်ပိုင်း ထူးဆန်နေတယ်
အဆုံးမရှိ အစမရှိ စကားတွေ ပြောတယ် အိမ်မှာလည်း မရှိသလောက်ပင်
park miyeon နဲ့ ပဲ အတူတူရှိနေတာများတယ် အကိုတို့ တကယ်တွဲနေကြပြီဆို ပျော်ပျော်ရွှင်ရွှင်နဲ့အဆင်ပြေနေကြဖို့ပဲမျှေ်ာလင့်မိသည်

📲📲📲

'Hello....'

'Seokjin oppa ဒီနေ့ ဆေးရုံသွားရမှာမလား နောက်မကျစေနဲ့ဦး"

"Kim seok jin မဟုတ်ဘူး သူ ရေချိုးနေတယ်"

'Aww....jungkook shi ပြီးရင်ပြောပေးပါ စောင့်နေမယ်လို့"

"အင်း...ပြောပေးပါ့မယ်"

-*-*-

"ခင်ဗျားကို park miyeon ဖုန်းဆက်တယ် ဆေးရုံသွားမလို့ နောက်ကျလို့ မရဘူး စောင့်နေမယ်တဲ့"

'Omm..'

"ခင်ဗျား နေ့လည် ပြန်လာမှာလား"

'မသိသေးဘူး jungkook ဘာကိစ္စရှိလို့လဲ'

"ဘာမှမဟုတ်ပါဘူး မေးကြည့်တာ ခင်ဗျား အလုပ်တွေမလုပ်နေပါနဲ့တော့ ကျွန်တော် ခင်ဗျားပေးတဲ့ ပိုက်ဆံတွေ မသုံးချင်တော့ဘူး ခင်ဗျား ဒီရက်ပိုင်းတွင်း ရုပ်ကဖြူဖတ်ဖြူရော်နဲ့ ပိန်လာတယ်"

Pain (✔)Dove le storie prendono vita. Scoprilo ora