Unicode
🌒နှစ်ထောင့်ဆယ့်နှစ်ခုနှစ်၊ဇွန်လ0:05am🌒
ပိန်းပိတ်အောင်မှောင်နေတဲ့ ညနဲ့လိုက်ဖက်စွာလမင်းကြီးကလည်းတိမ်မည်းတွေလည်းတခြမ်းအုပ်လို့။သူ့ ပုံကြည့်ရတာလည်းမသာမယာ။ဘေးနားမှာကြယ်လည်းတစ်ပွင့်မှမရှိ။လမင်းကြီးအထီးကျန်နေရှာမှာပေါ့။
အနက်ရောင် ခပ်ဆွေးဆွေးကတ္တရာလမ်းတစ်ခုပေါ်မှာ၊တောဇီးကွက်တစ်ကောင်ငုတ်တုတ်ထိုင်ပြီး ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကိုထိုင်ညည်းရင်းလမင်းကြီးကိုမော့ကြည့်နေတယ်။အင်း၊ဒီလမ်းမှာနေရတဲ့ဇီးကွက်ဘဝဟာပျင်းဖို့ကောင်းလိုက်တာ။လူလည်းမလာ ကားလည်းမဖြတ်။ ဘာစိတ်ဝင်စားစရာမှမရှိ။ နေရာပြောင်းဦးမှ။သူ့အတွေးမှမဆုံးလိုက်။နားထဲကိုဝင်လာတဲ့ အသံတစ်ချို့။မောဟိုက်နေတဲ့ အသံလိုလို၊ထိတ်လန့်နေတဲ့အသံလိုလိုနဲ့ တဖြည်းဖြည်းနီးကပ်လာတဲ့ ဒေါက်ဖိနပ်သံတဂွတ်ဂွတ်။အိုးးးဟိုးးး စိတ်ဝင်စားဖို့ကောင်းတာလေးလာပြီထင်တယ်။အတောင်နှစ်ဖက်ကိုဖြန့်ရင်း ဘေးနားကသစ်ပင်တစ်ပင်ပေါ် အမြန်ပျံတက်ရတယ်။ဘာမှန်းမသိပေမယ့် ချောင်းရမှာဘဲ။
*ဂွက် ဂွက် ဂွက်!!!*
*ဂျစ် ဂျစ် ဂျစ်!!!*
ထွက်ပေါ်လာတဲ့အသံတွေကရှေ့ဆင့်နောက်ဆင့်။ဘာသံတွေဖြစ်မလဲ။မှန်းစမ်း ပညာရှိဇီးကွက်ခန့်မှန်းကြည့်မယ်။
ရှေ့တစ်ခုကတော့ကျိန်းသေတယ်။မိန်းကလေးတစ်ယောက် ဒေါက်ဖိနပ်စီးပြီးလမ်းပေါ်ပြေးနေတဲ့အသံ။ဒါဆို နောက်တစ်ခုကရော!!စဉ်းစားစမ်းဇီးကွက်၊မင်းစဉ်းစားစမ်း။
ဇီးကွက်အတွေးတွေမဆုံးလိုက်။
သူတက်ထိုင်နေတဲ့ အပင်အနားကိုရောက်လာတဲ့အမျိုးသမီးလေး။ငုံ့ကြည့်လိုက်တော့ ကောင်မလေးကခွေခွေလေး၊ဖင်ထိုင်လျက်။ပြေးရင်းလဲသွားတာကိုး။အမိကဒေါက်မချွတ်ဘဲပြေးတာကို လဲမှာပေါ့။ဘာဘဲဖြစ်ဖြစ် ကောင်မလေးကသနားစရာလေးပါလေ။ကိုယ်ဟာငှက်တစ်ကောင်ဆိုတော့ သူ့ကိုသွားထူပေးလို့မှမရရတာနော်။အဲ့တော့ အမိရေ ထူပေးမယ့်လူများဘာများလာမလားခဏစောင့်။
တောခွေးတွေရဲ့ ဆွဲဆွဲငင်ငင် အူသံအဆုံးမှာ
*ဂျစ် ဂျစ် ဂျစ် ဂျစ်*ဆိုတဲ့အသံကတဖန်ပြန်ထွက်လာခဲ့တယ်။
"ဂျစ် ဂျစ် ဂျစ် ဂျစ်!!"
အသံကကိုယ့်အောက်နားကလာတာဆိုတော့ ဇီးကွက် အပင်အောက်က ကောင်မလေးကိုငုံ့ကြည့်လိုက်တယ်။ဒါမယ့်အသံကေတာ့သူ့ဆီကလည်းမဟုတ်။ဇီးကွက်အကြည့်ကို ကောင်မလေးစီကနေ ရှေ့ခြေလှမ်းနှစ်ဆယ် စာလောက်တိုးကြည့်လိုက်တော့ ဦးထုပ်တစ်လုံးကိုခပ်ငိုက်ငိုက်ဆောင်းထားပြီး ဂျင်းဂျာကင်အစုတ်တစ်ထည်နဲ့လူတစ်ယောက်မတ်တပ်ရပ်နေတာ။ဟုတ်ပြီ ဒီလူကကောင်မလေးလဲသွားတာကိုထူပေးမလို့ထင်တယ်။ထူရင်းလည်းထူပေးလိုက်လေ။ ကောင်မလေးအားကိုးချင်သွားအောင်Gentle manပီသပြလိုက်စမ်းပါbro။လုပ်စမ်းပါ။
YOU ARE READING
🚨The Truth in Darkness🚨
FanfictionWang Yibo and Xiao Zhan(Uni+Zawgyi) About Detective Xiao and Criminal doctor Wang Don't read if you are sensitive with violent and bloody type. Pls careful tags I mentioned below Start Date:1.6.2020