🔫TTID-Part four🔫

1.5K 98 21
                                    


Flashback starts now!

" ဒေါက် ဒေါက်"(တံခါးခေါက်သံ)

"Fei!ထတော့လေ ကျောင်းသွားဖို့နောက်ကျမယ်။"

မိုးလင်းတာနဲ့ဂျူတီတစ်ခုလိုရှောင်ကျန့်ကချစ်လှစွာသော ညီမငယ်လေးကိုအိပ်ရာထဖို့ နှိုးရသည်။alarmပေးထားလည်းပေးတဲ့alarmကိုပြန်ပိတ်ပြီး အိပ်တတ်တဲ့သန္ဓေဆိုးလေးနဲ့ညီမငယ်ကို ရှောင်ကျန့်သင်တန်းမသွားခင် နိုးအောင်နှိုးရမည်။မဟုတ်ရင် ကျောင်းမတက်ဘဲ တနေကုန်အိပ်နေမှာကြိုသိနေသောကြောင့်။

"Fei မထဘူးလား။အဲဒါဆိုကိုကြီး ဖက်ထုပ်ပြုတ်တွေအကုန်စားပစ်မှာနော်။"
ရှောင်ကျန့် အခန်းတံခါးကိုနားနဲ့ကပ်ပြီးအော်ပြောသည်။

အခန်းထဲမှ ဒုန်း ဂွမ်းဆိုသော အသံများက ညီမငယ် အိပ်ရာနိုးလာကြောင်းအချက်ပြသံများဖြစ်သည်။

/ထပြီ ကိုကြီး။ညီမလေးအတွက်ချန်ထားနော်။/

အသံပြဲကြီးနဲ့အော်ပြီး ရေချိုးခန်းတံခါးပိတ်သွားတာကြားလိုက်တော့မှ ရှောင်ကျန့်လည်းမနက်စာပြင်ဖို့မီးဖို‌ချောင်ထဲထွက်လာလိုက်သည်။
ဒီနေ့breakfastကညီမငယ်အကြိုက်ဆုံးဖက်ထုပ်ပြုတ်။

"အဟီးးကိုကြီး"

ခေါ်သံကြားတာကြောင့်ရှောင်ကျန့် ဖက်ထုပ်အိုးကိုမီးပိတ်၊ပန်းကန်လုံးထဲထည့်နေရင်းကနေ နောက်ကိုလှည့်ကြည့်တော့ ဂုတ်လောက်နီးပါးရှည်သည့် ရွှေရောင်ဆံနွယ်ပျော့ပျော့များကိုနှစ်ဖက်ခွဲစည်းထားသည့်ညီမငယ်
ကကျောင်းယူနီ‌ဖောင်းပါလဲထားသည်။ ထမင်းစားပွဲမှာမနက်စာစားရန် အဆင်သင့်နေရာယူပြီးဖြစ်ကာစားပွဲခုံကိုတူနဲ့ခေါက်နေသေးသည်။

"မြန်လိုက်တာfeiရယ်၊နင်မျက်နှာတောင်သစ်လာတာဟုတ်ရဲ့လား"

"မျက်နှာကသစ်ပါတယ်။သွားသာမတိုက်လာတာ၊ ညကတိုက်ထားလို့ ဟီးးးး"

"မိန်းကလေးဖြစ်ပြီး သန့်သန့်ပြန့်ပြန့်နေစမ်းfei။ပြီး‌တော့လည်းရေကိုတရက်ခြားမှမချိုးနဲ့။ပြီးရင်ဆွတ်ထားတဲ့ ရေမွှေးနံ့တွေက ငါတောင်ခေါင်းကိုက်တယ်။ "
ရှောင်ကျန့် စသလိုလိုအတည်ပြောတော့ ညီမငယ်က ဟွန့်ကနဲ နှာတစ်ချက်မှုတ်ကာ

🚨The Truth in Darkness🚨Where stories live. Discover now