🔫TTID-Part seven🔫

1.9K 85 34
                                    

Unicode

မနက်ကခြောက်နာရီ၊နေခြည်နွေးနွေးအောက်မှာ နှစ်ထပ်သစ်သားအိမ်လေးကစတင်အသက်ဝင်လာတယ်။မီးဖို‌ချောင်ပြတင်းပေါက်ကနေ ထွက်လာတဲ့အငွေ့တထောင်းထောင်းနဲ့ မွေးပျံ့ပျံ့အနံ့တွေ။သေချာတယ်။ရှောင်းရှောင်ကျန့်တို့ အိမ်ကမနက်စာချက်နေတာဖြစ်တယ်။

အေပရွန်ကြီးတကားကားနဲ့ ရှောင်းရှောင်ကျန့်ကဆီနည်းနည်းထည့်အပူ‌ပေးထားတဲ့ဒယ်အိုးထဲ ကိုက်လန်တွေကိုရှဲခနဲထည့် ၊ခရုဆီလေးဖြန်းလိုက်တဲ့အခါ အိုမိုရှလွတ်၊စိမ်းစိမ်းစိုစိုအနံ့အရသာပြည့်စုံတဲ့ ကိုက်လန်ကြော်တစ်ခွက်ရပါပြီရှန်! အဲလေခင်ဗျာ!နောက်တစ်ခွက်ကဘာလဲဆိုနွားနို့ခဲဟင်း။ညီမငယ်ကြိုက်တတ်လို့ဦးလေး ဖုန်းမြင့်တို့နွားခြံကသေသေချာချာမှာထားရတာ။
ခရမ်းချဉ်သီးပေါတဲ့အချိန်လည်းဖြစ်တာကြောင့်အနှစ်များများလေးနဲ့ချိုချိုချဉ်ချဉ်နွားနို့ခဲဟင်းလျာလေး။နောက်ဆုံးဟင်းကဆိုဝက်သားချိုချဉ်၊ချိုသလားချဉ်သလားမြည်းမနေနိုင်တော့ဘူး။အချိန်မမှီ‌တော့လို့။ညီမငယ်ထမင်းဘူးပြင်ပေးနိုင်ဖို့အရေး မနက်စောစောချွေးပြိုက်ပြိုက်ကျအောင်လုံးပန်းနေရတာ။နာရီကြည့်လိုက်တော့ ခုနစ်နာရီထိုးခါနီး 15မိနစ်အလို။ အတန်းနောက်ကျတော့မယ်ဆိုတာကျိန်း‌‌သေ။ နောက်ကျလည်းဆူခံရုံဘဲမတတ်နိုင်ဘူး။
teddy bearပုံထမင်းဘူးလေးကို အဖုံးဖုံးရင်းsticky noteလေးပါကပ်ထားပေးလိုက်သည်။

ညီမလေး အကြိုက်တွေဘဲထည့်ထားတယ်။ကိုကြီး ဒီနေ့အစောကြီး ကျောင်းသွားရမှာမလို့မလိုက်ပို့တော့ဘူး။ကိုယ့်ဘာသာစက်ဘီးနဲ့ဘဲသွားလိုက်တော့နော်။ထမင်းလည်းကုန်အောင်စားဦး။ညနေလာကြိုမယ်။

ရှောင်ကျန့်အေပရွန်အပြာကြီးကိုဆွဲချွတ်ရင်းခေါက်တောင်မခေါက်နိုင်။ကုလားထိုင်ပေါ်ပစ်တင်လိုက်ရင်း၊ကျောပိုးအိတ်ဆွဲကာပြေးရသည်။ဒီနေ့မနက် ခုနစ်နာရီလေ့ကျင့်‌ရေးဆင်းဖို့အချိန်ရှိတယ်။အိမ် ရှေ့မှာရပ်ထားတဲ့ဆိုင်ကယ် အနက်ရောင်လေးပေါ်ခွထိုင်ရင်း back မှန်မှာပေါ်နေတဲ့ကိုယ့်ပုံကိုကြည့်လိုက်တယ်။မဆိုးဘူး။တနေ့တနေ့ညီမတယောက်ဝေယျာဝစ္စနဲ့ ကလေးတစ်ယောက်အဖေလိုပြေးလွှားနေရတာတောင်ငါလေးချော‌တုန်းဘဲ။ဒီဟာမလေးလည်းကျောင်းအပြီး၊ငါလည်းသုံးဆယ်မကျော်ခင် မိန်းမတစ်ယောက်လောက်တော့ရနိုင်မှာပါလေ။
ကိုယ့်ကိုကိုယ်fightingလုပ်ရင်းဆိုင်ကယ်လီဗာကိုဆွဲလိုက်တယ်။ကျောင်းရောက်ရင်တော့ အတန်းနောက်ကျလို့ကွင်းပတ်မပြေးရဖို့သာဆုတောင်းနေရပါတယ်။ ။
_______________

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 03, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

🚨The Truth in Darkness🚨Donde viven las historias. Descúbrelo ahora