' ဒိုင်း '
အခန်းတွင်းရှိလေထုဟာ ရုတ်ချည်ငြိမ်သက်သွားတယ် …
ကျယ်လောင်လှတဲ့ သေနတ်သံအဆုံး၌ လဲကြသွားတဲ့ မင်းယွီကိုယ်လေးအား ချူးရှန့် အလျှင်အမြန်ပင် လှမ်းဖမ်းလိုက်တယ် …
သို့ပေမဲ့ မင်းယွီရဲ့ကိုယ်ပေါ်၌ သွေးအစအနလေးပင်ရှိမနေခဲ့ … ထူးပူသွားတဲ့ ချူးရှန့် မင်းယွီကိုယ်က သွေးများစီးကျလာခြင်းမရှိတော့မှ သက်ပြင်းချလိုက်နိုင်တော့တယ် …
အနောက်ကိုလှည့်ကြည့်မိတော့ ဖန်းဂူသေနတ်က မင်းယွီထံချိန်ရွယ်ထားသော်လဲ ပြစ်လိုက်သည့် ကျည်ဆန်ဟာ မင်းယွီအနောက်က ပြတင်းပေါက်မှ ခုလေးတင်အိမ်ထဲကနေထွက်သွားတဲ့ ဒေါက်တာရဲ့ကားအတွင်းသို့ ထိမှန်ပြီး ခြံထံကနေထွက်တော့မည့် ထိုကားဟာ နံရံကိုပြစ်ဆောင့်မိပြီး ' ဝုန်း ' ဆိုသောအသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာတော့တယ် …
အေးဆက်သည့် ဖန်းဂူအကြည့်တွေက ခန့်မှန်းရခက်သော်လဲ အဆုံး၌ လက်ထဲက သေနတ်အား သူ့ရဲ့ခါးကြားထဲသို့ ပြန်ထိုးသွင်းလိုက်တယ် …
ချူးရှန့် သခင်အကြောင်းကောင်းကောင်းသိတယ် … သခင်က ဘယ်သောအခါမှ မစဉ်းစားပဲ စိတ်လိုက်မာန်ပါ မလုပ်တတ်ဘူး …
သူက ဆုံးဖြတ်ချက် ပျက်သားသလို သူ့ဆုံးဖြတ်ချက်တိုင်းက အမှားအယွင်း တစ်စုံတစ်ရာမှ မရှိခဲ့ဘူး … ဒီတစ်ခေါက်က ချူးရှန့်ကို ခန့်မှန်းလို့မရအောင်ပင် သခင်အတွေးတွေကိုလိုက်မမှီနိုင်၍ စစ်ပွဲမှာရောက်နေသလို ရင်တုန်ပန်းတုန်ဖြစ်သွားခဲ့တယ် …
သခင်ရဲ့ပုံစံက မင်းယွီကို ထက်ပြီး အန္တရာယ်ပြုမည့်ပုံ မပေါ်တော့မှ ချူးရှန့် သတိမေ့သွားတဲ့ မင်းယွီကိုယ်ပေါ် စောင်လွှားခြုံပေးလိုက်ပြီး မတ်သပ်ရပ်ကာ ဖန်းဂူအား တောင်းပန်လိုက်တယ် …
" ကျွန်တော် အထင်မှားသွားမိတဲ့အတွက် တောင်းပန်ပါတယ် "
" ခုချက်ချင်း Dr.… ကားမှောက်ပြီး ဆုံးပြီလို့ ကြေငြာလိုက် … ခုချိန်မှာ ဒီကောင်လေးအကြောင်းသိတာ မင်းနဲ့ငါပဲရှိတယ် … ဘယ်သူ့ကိုမှ ဒီအကြောင်းတွေမပြောမိစေနဲ့ … မင်းဘေးနားမှာထားထားတဲ့ကောင်ကိုလဲမပြောမိစေနဲ့ … ပြီးတော့ ဒီကောင်လေးရဲ့မိသားစုဝင်တွေအကြောင်း အသေးစိတ် စုံစမ်းထား "
![](https://img.wattpad.com/cover/220571137-288-k408592.jpg)
CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein