Jeno' pov
📞"အဆင်ပြေပါတယ်....Omma"
ဂျလောက်
အခန်းသော့ဖွင့်လိုက်တာနဲ့ မြင်ရတာက ရှုပ်ပွနေသော အခန်းသာ...
ဒီတစ်ပတ်လုံး ကျောင်းက project တွေနဲ့ အလုပ်ရှုပ်နေတာနဲ့ အခန်းမရှင်းမိတာ တော်တော်ကြာနေပြီ...📞"အစားအသောက်ရော အဆင်ပြေလား..သား.."
📞"ဟုတ်..ပြေပါတယ်..."
လက်ထဲက ခေါက်ဆွဲခြောက်ဘူးနဲ့ အအေးဘူးတွေကတော့လှောင်ရယ်နေတော့မှာဘဲ...
တကယ်တော့ အခုချိန်က ဟင်းချက်ဖို့မပြောနဲ့ ထမင်းအိုး
တောင်မချက်နိုင်ဘူး...မှာစားဖို့ကြတော့လည်း
ကျောင်းစရိတ်တွေနဲ့ ရေရှည် အဆင်မပြေပါဘူး...📞"ဒါဆို ဒါဘဲနော်...omma...သား လုပ်စရာလေးတွေရှိလို့..bye..bye..."
မားဖုန်းချလိုက်တာတဲ့..ပထမဆုံး ခုနကမှ ကျက်သွားတဲ့ ရေနွေးတွေကို ခေါင်းဆွဲဘူးထဲ လောင်းထည့်ပြီး အဖုံးပိတ်မိတယ်...
လူကတော့ ညီစိစိဖြစ်နေတဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းဖို့ ရေချိုးခန်းထဲ ပြေးရတာဘဲ...
ဒါပေမယ့်ကြာကြာလည်း ချိုးလို့မရပါဘူး...
ခေါက်ဆွဲတွေပွကုန်ဦးမယ်လေ..♡
ဝေါးးးးးးး....
အသိမပေးဘဲ ရုတ်တရက်ရွာချတဲ့ မိုးကြောင့်
လူက ဘယ်ပြေးလို့ပြေးရမှန်းမသိ ...
မျက်စိကို ခပ်မြန်မြန်လှုပ်ရှားတော့မှ မိုးလှုံလို့ ရလောက်မယ့် နေရာလေးတွေကိုတွေ့သည်...
အမြန်ထိုနေရာကို ပြေးသွားပြီး...မိုးစဲမည် အချိန်ကိုသာ စောင့်နေမိသည်...ဒီနေ့မှ project တွေပြီးလို့ ပျော်နေတဲ့ စိတ်လေးက အခုတော့ဒီ မိုးကြောင့် ဘယ်ရောက်သွားမှန်းမသိ....!!!
ဟူး...စိတ်ညစ်လိုက်တာ...!!
"Meow...meow...."
ရုတ်တရက် ကြားလိုက်ရသော အသံလေးနဲ့
ခြေထောက်နားက နူးညံတဲ့ အထိအတွေ့လေးကြောင့် ငုံကြည့်လိုက်တော့
သူ့ခြေထောက်ကို ပွတ်သက်နေသော အကောင်ပေါက်လေး....သေသေချာချာ ကုန်းကြည့်လိုက်တော့...
ကြောင်ပေါက်ကလေး....!!
ကြောင်ပေါက်ဆိုပေမယ့် မွေးခါစအရွယ်လေးလည်းမဟုတ်...နည်နည်းသေးသေးလုံးလုံးလေး...
မသိရင် တကယ့်ကို နှင်းဖြူလုံးလေးလိုမျိုး

YOU ARE READING
Meow (Noren)
Fanficသာမာန် တက္ကသိုလ်ကျောင်းသားလေး Lee Jeno ရဲ့ ဘဝထဲကို ချစ်စရာ အကောင်လေး ဝင်ရောက်လာသောအခါ ...💚💚💚