"Kitten..ခဏနေဦးနော်..."
အကောင်ပေါက်စကို မွေ့ရာပေါ်ချပြီးတာနဲ့
သူလည်း အကျီၤလဲဖို့ပြင်ရသည်...
ပြီးတာနဲ့ ရေခဲသေတ္တာထဲက သောက်လက်စ
နွားနို့တွေကို မီးဖို ပေါ်တင်ပြီး နွေးရတယ်...နွားနို့နွေးနေတုန်း ကြောင်ပေါက်ကိုလည်း ခြောက်အောင်သုတ်ပေးရသေးတယ်...
သူ သုတ်ပေးတော့ ကြောင်ပေါက်က မျက်စိလေးမှိတ်ပြီး ဇိမ်ခံလျက်..."မင်းက ဖြူဖွေးနေတာဘဲ...ဒီလောက် ဖြူဖွေးနေတော့ မင်းကို Snow လို့ ခေါ်မယ် ဘယ်လိုလဲ..."
"မြောင်...မြောင် ...မြောင်..."
"ဘာလို့ အော်တာလဲ ကြောင်ပေါက်ရဲ့...
နာမည်မကြိုက်လို့လဲ...""မြောင်...မြောင်မြောင်မြောင် ..မြောင်..မြောင်"
တမြောင်မြောင်နဲ့ အော်နေတဲ့ အကြောင်းပြချက်ကိုတောကြောင်ပေါက်ရဲ့ အောက်က တနေရာကို တွေ့တော့မှ သဘောပေါက်တော့သည်
"အော်...လက်စသတ်တော့ မင်းက အထီးကို
ဒါကြောင့် Snow ဆိုတဲ့ နာမည်ကို မကြိုက်တာလား..""..မြောင်..."
"လှပါတယ်...snow ဆိုတဲ့ နာမည်က
အထီးလည်း ဘာဖြစ်...""မြောင်..!!!."
နှာခေါင်လေးကို လက်လေးနဲ့ တို့စတော့
ခေါင်းကို ဟိုဘက် ချက်ချင်းလှည့်လေရဲ့...
စိတ်ကောက်သွားတယ်ဆိုတဲ့ သဘောလား...??
တကယ်ပါဘဲ...ဘယ်လို ချစ်ဖို့ကောင်းရတာလဲ..."..အူးဝါး..မင်းလေးက အူးယားစရာလေးဘဲကွာ..."
သူ အတင်းဖျစ်ညစ်တော့ လက်ထဲက အကောင်ပေါ်က အတင်းရုန်းလေရဲ့...
"ဒီလောက်ဖြစ်နေတာကွာ..မွ...မွ...!!!"
အတင်း ရုန်းနေသော ကြောင်ပေါက်ကို နမ်းလ်ုက်တော့မှ ငြိမ်ကျသွားတာ အသံ
တောင်မကြားရတော့..!!!
ဒါမှပေါ့ Lee Jeno တဲ့ တစ်Jeno တည်းရှိတယ်...😎😎😾
"မြောင်...မြောင်...မြောင်...."
"ဘယ်သူလဲကွာ...အိပ်နေတယ်လေ မမြင်ဘူးလား..."
"မြောင်...မြောင်...!!!!"
အသံသည် မတတ်သွားသည်အပြင် ခြုံထားတဲ့ စောင်တွေပါ အဖယ်ခံလိုက်ရသည်...
YOU ARE READING
Meow (Noren)
Fanfictionသာမာန် တက္ကသိုလ်ကျောင်းသားလေး Lee Jeno ရဲ့ ဘဝထဲကို ချစ်စရာ အကောင်လေး ဝင်ရောက်လာသောအခါ ...💚💚💚