Final Part

2.7K 181 9
                                    

She is My queen

Final Part

တစ်ပတ်ခန့်ကြာသော်~~~~~~

Kris-မ ဘာစားချင်လဲ ။ကျွန်တော် ဒီနေ့ မြို့ထဲသွားမလို့ ဘာဝယ်ခဲ့ပေးရမလဲ။

Suho-ရတယ် စားလို့အဆင်ပြေတာဝယ်ခဲ့ပေါ့။အကုန် စားတာပဲ။ငါ အစားအသောက်ရွေးတာ မြင်ဖူးလို့လား။

Kris-ဟုတ် ဒါဆို မ ကြိုက်တတ်တာလေးတွေပဲ ဝယ်လာခဲ့မယ်။

Suho-အေး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Lay-ဟာ ဟေ့ရောင် သားကြီး မင်းက ပျောက်လှချည်လား အခုမှပဲ ပေါ်လာတော့တယ်။

Kris-အေး ငါ့ကိစ္စလည်း မင်းသိတဲ့အတိုင်းပဲလေ။အခုတောင် အခြေအနေဘယ်လိုလဲ သိချင်လို့လာတာ။ဟိုအကောင်တွေ အဖွဲ့ကဘယ်လိုလဲ။ဘာထူးသေးလဲ။

Suho-ထူးတယ်ကွ။ငါလည်း မင်းဆီ ဆက်သွယ်လို့မရလို့မပြောဖြစ်တာ။အဲ့ကောင်က မယားကြီး ရှိတယ်တဲ့ကွ ။အမေရိကားမှာ ပညာသင်လာခဲ့တယ်ဆိုတာက အဲ့အဘွားကြီး အထောက်အပံနဲ့တဲ့။အခု ဒီနိုင်ငံကို အလုပ်လုပ်မယ်ဆိုပြီး လာတာတဲ့။မင်းရဲ့ မမ နဲ့ လက်ထက်ပြီးရင် သူကဟိုအဘွားကြီးကို ခြေစုံကန်မယ့်သဘောမှာရှိတယ်ကွ။အခု သူတို့တွေ အရမ်းဒေါသထွက်နေတယ်ဆိုပဲ မင်းတို့နှစ်ယောက်လုံးကို လိုက်ရှာနေတာ။မင်း အမေနဲ့ မင်း မမရဲ့ အဖေနဲ့အမေ ကတော့ အေးဆေးပါပဲ။မင်းတို့ကိုတောင် ပြန်ခေါ်ခိုင်းနေပြီ။ဒါပေမယ့် အဲ့ကောင်က မင်းကို တော်တော်မကျေမနပ်ဖြစ်နေတာကွ။မင်း မမ ကိုလည်း မရ ရအောင် လက်ထက်မယ်တဲ့။ခွေးကောင်ကြီး အကြံအစည်က အရမ်းကြီးတယ်။ရှယ်ယာ မဖြစ်စလောက်နဲ့ မင်း မမ ကုမ္ပဏ္ဍီကို ဝင်လာပြီး မင်း မမကို ပစ်မှတ်ထားထားတာပဲ။မင်း အဲ့အကြောင်းတွေ ပြောပြသင့်တယ်နော် ဒီတိုင်းပဲ မင်းပဲသိနေရင် မင်း မမ က မင်းကို အထင်အမြင်လွဲနေလိမ့်မယ်။

Kris-အထင်အမြင်က လွဲပြီးသွားပြီကွ။မ က ငါ့ကို အရမ်းမုန်းနေတယ်။ငါ့ကိုရွံရှာနေတဲ့ပုံပဲကွာ။ငါ့ကို တစ်သက်လုံး မုန်းသွားရင် ဘယ်လိုလုပ်မလဲ ငါ…ငါ သေသွားလိမ့်မယ် ခံနိုင်ရည်မရှိဘူးကွာ။မ ရဲ့ ခက်ထန်စိမ်းကားတဲ့ အကြည့်စူးစူးတွေကို ငါမခံစားနိုင်ဘူး။

She is My Queen!Tempat cerita menjadi hidup. Temukan sekarang