Part 2

1.5K 74 1
                                    

   Part  2

အစောကြီးနိုးပြီးရေချိုးနေသော Yiboလေးကို
သူနိုးစရာမလိုတော့ပေ Yiboအဝတ်ဝတ်ဖို့ထုတ်ပေးလိုက်သည်  Yiboရေချိုးခန်းထဲကထွက်လာတော့  ခေါင်းခြောက်အောင် သူတပတ်နဲ့ သုတ်ပေးလိုက်သည်။

'' မနက်စာစားဖို့ ကိုကိုက အောက်မှာစောင့်နေတယ်
Yibo"

"အချိန်မရှီဘူး အလုပ်သွားရတော့မယ် ''

"Yibo အလုပ်ကထွက်လိုက်ပါ့လား
ပင်ပန်းလွန်းလို့ပြောတာပါ   ''

"ကျွန်တော်မှာအလုပ်မရှီရင် ကျွန်တော့်သုံးဖို့ပိုက်ဆံဘယ်ကရမှာလဲ  ''

" ကျွန်တော်ပေးမှာပေါ့ Yiboလိုသလောက် တောင်းလို့ရတယ် Yiboကို ကျွန်တော် ရှာကျွေးနိုင်ပါတယ် ''

Xiao Zhan စကားက Yiboမာနကို ထိခိုက်သလို
ခံစားရသည်။

'' မင်းယူထားတဲ့ ငါက မိန်းမ မဟုတ်ဘူး
ယောက်ကျားတစ်ယောက် ရှာကျွေးစရာမလိုပါဘူး ပြီးတော့ မင်းအစ်ကို ကုမ္ပဏီက ရတဲ့ပိုက်ဆံကို ငါလုံးဝ
မသတီဘူး ''

မင်းနဲ့ငါတဲ့အထိပြောထွက်တဲ့ Yiboကြောင့် Xiao Zhan ဝမ်းနည်းသွားသည်။

'' အဲ့ဒါဆို ကျွန်တော်အလုပ်လိုက်ပို့မယ် Yibo ''

''  မလိုဘူး  စစ်ကျွေးလာခေါ်လိမ့်မယ်  ''

'' ဟုတ်ကဲ့ပါ..ဒါဆို စောစောပြန်လာနော် "

ကျွန်တော်ကို ချစ်ခဲ့တဲ့ Yibo ဘယ်ရောက်သွားတာလဲ  ဘာလို့ ရုတ်တရက် သူစိမ်းဆန်သွားရတာလဲ ကိုကို့ကိုရော့ ဘာလို အဲ့လောက်မုန်းနေရတာလဲ ကျွန်တော်တို့ကို သဘောမတူခဲ့လို့လား အခုကိုကိုက ကျွန်တော်တို့ပေါ် အရာရာပေးဆပ်ပြီးကောင်းနေပြီလေ 

စစ်ကျွေး ကားလာခေါ်တာနဲ့ Yiboကားပေါ်တက်လိုက်သည်။

"အစ်ကို့အိမ်မှာ ကားတွေအများကြီးကို ဘာလို ကျွန်တော်ကို အလုပ်ရှုပ်အောင် လုပ်နေရတာလဲ ''

"  မင်းနဲ့ငါနဲ့ တရုံးတည်းနော် စစ်ကျွေး ဘာအလုပ်ရှုပ်တာလဲ ''

'' မနက်ရုံးတက်တာတော့ အစ်ကိုXiao Zhan ကိုလိုက်ပို့ခိုင်းပါ ညနေတော့ ကျွန်တော်နဲ့အတူပြန်ပေါ့ ''

'' လျှာမရှည်နဲ့  စစ်ကျွေးဒါလေးလုပ်တာကို
အပျင်းထူမနေနဲ့ ''

ဒီစာအုပ်ကြီးသူအစ်ကို့ကို သူမနိုင်ပါ ရုံးရောက်တော့
ဝမ်ချင်နဲ့ အားနင်တို့အဆင့်သင့်ရောက်နေပြီ

"ဒီနေ့အမှုသည်ရှီတယ် Yibo '' 

"စစ်ကျွေး ကိုလွှဲလိုက် ငါစိတ်မဝင်စားဘူး ''

'' အစ်ကို !!"

'' မင်းစိတ်ဝင်စားတာငါသိတယ် မင်းစုံထောက် ကျန်းချန် နဲ့ပေါင်းပြီး  အာမီကုမ္မဏီရဲ့ အလွှဲသုံးစားအမှုကို လိုက်နေတာမို့လား ''

'' ဟုတ်တယ် သူတို့တွေကပဲ အကျင့်ပျတ် ဘိန်းဖြူတွေအလုပ်များဆုံးပဲလေ ရှေ့တင်တော့ သူတော်ကောင်း နောက်မှာတော့ လူသားတွေကို ဆေးဖြန့်ပြီး သတ်နေကျတာ အဓီကက ကာစီနိုသမားတွေပေါ့  လောင်းကစားသမားတွေ အလုပ်အများဆုံးက ဘိန်းဖြူပဲ ''

''  ကာစီနိုဆိုရင် မင်းကိုကိုလည်းပါတယ် ''

Yiboစူးစိုက်စွာ  အားနင်ကို ကြည့်တော့

"အားနင် !"

"တောင်းပန်ပါတယ် ငါက မင်းလက်ထပ်ထားတဲ့သူ့ရဲ့ အစ်ကိုဆိုတော့ ''

"Xiao Zhan ကို လက်ထပ်တာနဲ့ သူက ငါအစ်ကို ဖြစ်လာမှာမဟုတ်ဘူး တကယ်လို့သူက ဒုစရိုက်အလုပ်တွေ  လုပ်ခဲ့ရင် ငါကိုယ့်တိုင် ဖမ်းထည့်မယ် ''

'' ဘတ်လိုက်ခြင်းမရှီ ပြတ်သားတာပဲ ''

အားနင် တိုးတိုးလေး​ Yort နားကပ်ပြောလိုက်သည်

'' ငါတော့ အဲ့လိုမမြင်ဘူး  အငြိုးကြီးတယ်လိုပဲမြင်တယ်  ''

'' ဟင်  ''

Yiboဘာလုပ်နေလဲ ကျွန်တော်တဖြည်းဖြည်းနဲ့ သိလာပါပြီ ရှေ့နေ့ဖြစ်ချင်ခဲ့တဲ့ ရည်ရွယ်ချက် ဒါပေမဲ့ အစ်ကိုဟန်ရင်း ကရော့  ကိုကို လုပ်ရက်ကို ငြိမ်ခံနေမယ် ထင်နေလား

💒

  

အငြိုးကလဲ့စားOù les histoires vivent. Découvrez maintenant