Part 4
"ဆရာ ပေါ်လေးအခြေအနေဘယ်လိုနေလဲ ဘာလို့ရုတ်တရက်ကြီး မေ့လဲသွားရတာလဲ "
Xiao Zhan စိတ်ပူစွာမေးနေရင်း
Yibo မျက်စီပွင့်လာသည်။" ပေါ်လေး..ပေါ်လေးသတိရလာပြီလား "
ထိုလူသားမျက်ဝန်းအိမ်မှာမျက်ရည်တွေဝဲနေသည်။ ကျွန်တော်က သူစိတ်ပူဖို့မထိုက်တန်တဲ့သူပါ ကျွန်တော့် သူ့ကိုမချစ်ခဲ့ဘူး နည်းနည်းလေးမှမချစ်ခဲ့ဘူး ဟန်ရင်းကို ပူလောင်စေချင်လို့သာ Xiao Zhanကို လက်ထပ်ခဲ့ခြင်းဖြစ်သည်။
"Mr.Yibo ဆေးရုံမှာလာပြီးစမ်းသပ်ဖို့လိုတယ်
ကျွန်တော့်ထင်တာက.."" ကျွန်တော့်လာခဲ့ပါမယ် "
ဒေါက်တာကို ဆုံးအောင်ပေးမပြောပဲ Yiboပြောလိုက်ကာ ထထိုင်လိုက်သည်။
" ပြန်ပါတော့ "
"ပေါ်လေးနေမကောင်းလို့ ဒေါက်တာကိုခေါ်ထားတာလေ ဘာလို့ပြန်ခိုင်းရမှာလဲ "
" Xiao Zhan! ခင်ဗျားလည်းအပြင်ထွက်ပေးပါ ကျွန်တော်တစ်ယောက်တည်းနေချင်တယ် "
"ပေါ်လေး.."
"ထွက်သွား! "
Yibo အော်သံကြောင့် ဒေါက်တာနဲ့ Xiao Zhanအပြင်ထွက်လာလိုက်သည်
" ဒေါက်တာ ကောင်လေးက ဘာဖြစ်တာလဲ "
" ကျွန်တော့်အထင်.."
ဟန်ရင်းစိတ်ပူစွာထပ်မေးလိုက်သည်
"ပြောပါ ဒေါက်တာ ဘာဖြစ်တာလဲ "
"လူနာရှင်ကြည့်ရတာ ပြောစေချင်မယ်မထင်ဘူး သူ့ကိုသေချာ စစ်ဆေးပေးဖို့လည်းလိုပါတယ် "
Xiao Zhan မျက်ရည်ကျလာကာ ကိုကို့ကိုဖက်ထားလိုက်သည်။
" ကိုကို ပေါ်လေးကနေမကောင်းလို့ စိတ်မကြည်လင် ဖြစ်နေတာထင်တယ် ညီကိုမုန်းလို့အော်နေတာ မဟုတ်ဘူးမဟုတ်လား
" အင်း "
ဟန်ရင်း ညီကျောကိုပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။
🏢
" သူဌေး ကာစီနိုကို စစ်ဆေးရေးလာတယ် တရားမဝင်တဲ့ ပစ္စည်းရှီမရှီလာရှာဖွေတာတဲ့ "
"ဘာ! "
စစ်ဆေးရေးတွေ သူရုံးခန်းထဲဝင်လာသည်
" Yibo! "
" ဟုတ်တယ်ကျွန်တော့်ပဲ ခင်ဗျားရုံးခန်းကိုရှာဖွေခွင့်ပေးပါ "
" ငါရုံးခန်းမှာ တရားမဝင်တဲ့ပစ္စည်းဘာမှမရှီဘူး ငါ့ရဲမှူးချုပ်ကို ဖုန်းလှမ်းဆက်လိုက်မယ် "
"ဟားဟား ခင်ဗျားက ပိုက်ဆံပေါတော့အကပ်ကောင်းတယ်ပေါ့ ကျွန်တော့်ကတော့ အလုပ်ပြုတ်သွားပါစေ
ဒီနေ့ခင်ဗျားရုံးခန်းကို ရအောင်စစ်မယ် "Yiboထင်သလို ကျွန်တော်ကာစီနိုမှာ ဘိန်းဖြူမရှီတဲ့အတွက် အလွယ်တကူခွင့်ပြုလိုက်သည်
" ကောင်းပြီလေ မင်းသဘောပဲ "
"သူဌေး "
ဟန်ရင်း သူမန်နေဂျာကို ခေါင်းရမ်းပြကာရှာဖွေခွင့်ပေးလိုက်သည်။
" တစ်ခုမကျန် အကုန်လှန်ရှာ "
Yibo သူ့လူတွေကိုခိုင်းလိုက်ပြီး ရုံးခန်းကိုပတ်ကြည့်တော့
Xiao Zhan နဲ့ ထိုလူကြီး မင်္ဂလာဆောင်တုန်းက ညီအစ်ကို
နှစ်ယောက်တွဲရိုက်ထားတဲ့ပုံကိုပုံကြီးချဲထားသည်" အဲ့ဓာတ်ပုံထဲမှာ ဘာမှဖွတ်မထားဘူး
ဘာလို့စူးစိုက်ကြည့်နေတာလဲ "Yibo ကို ဓာတ်ပုံကိုဖြုတ်လိုက်ပြီ အောက်ကိုလွှတ်ချပစ်လိုက်သည်ပြီးတော့ ဘေးကဖန်လုံးကိုယူကာ ဓာတ်ပုံမှန်ကို ခွဲလိုက်သည်။
" မင်းတို့အရမ်းလွန်နေပြီပဲ "
မန်နေဂျာစိတ်တိုပြီး အော်လိုက်သည်
ဟန်ရင်း မန်နေဂျာကို ခေါင်းရမ်းပြလိုက်သည်" ဘာမှမတွေ့ဘူး အမှုစစ် "
" သေချာလား! "
" သေချာပါတယ် "
Yibo လှည့်အထွက်ထိုလူရဲ့စကားသံကြောင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။
" ဘာမှမတွေ့တဲ့အတွက် ကောင်လေးကိုယ့်ကို
တောင်းပန်ရမယ် "" မတောင်းပန်နိုင်ဘူး "
" အဲ့တာဆို ကောင်လေးနှုတ်ထွက်စာတာ
ပြင်ဆင်ထားတော့ "Yibo ဟန်ရင်းကို စူးစိုက်စွာကြည့်ပြီး ထွက်လာလိုက်သည် ရုံးရောက်တာနဲ့ ရဲမှူးကြီး သူ့ကိုခေါ်ဆူကာ အလုပ်ထွက်ဖို့ ပြောသည် သူဘာမှမပြောတော့ပဲ နှုတ်ထွက်စာသာတင်ခဲ့လိုက်သည်။
🏡