Part 3

1.1K 73 3
                                    

Part 3

📲📲📲

ဦးလေးဆက်တာကြောင့် Yiboမြန်မြန် ဖုန်းကုန်လိုက်သည်

"ဟဲလို ဦးလေး ပါပါးအဆင်ပြေရဲ့လား ထမင်းကော
စားရဲ့လား "

"ဝမ်သခင်လေးနေကောင်းသွားပါပြီ မကြာခင်
ကလေးဆီလာတော့မှာ "

"ဗျာ!  "

"သူ့ရင်ခွင်ထဲကထွက်သွားတဲ့ ကလေးကို ဝမ်သခင်လေး အရမ်းစိတ်ပူနေသလို စိတ်လည်းဆိုးနေတယ် "

Yibo ကုတင်ပေါ်ထိုင်ချလိုက်ပြီး အားမရှီစွာ
လက်ထဲကဖုန်းလွှတ်ကျသွားသည်။

"ပေါ်လေးဘာဖြစ်လို့လဲ "

" ထွက်သွား..ခင်ဗျားအသံမကြားချင်ဘူး "

ရိပေါ်အော်သံပြင်းတာကြောင့်Xiao Zhan လန့်သွားကာ အပြင်ပြေးထွက်ခဲ့သည်။ 

" ညီ ဘာဖြစ်လို့လဲ "

"ဘာမှမဖြစ်ပါဘူး ကိုကို "

Xiao Zhan အလွန်ဝမ်းနည်းတာကြောင့်
အစ်ကို့ခါးကိုဖက်ထားလိုက်သည်။

" ဟိုကောင် ညီကိုစိတ်ညစ်အောင်လုပ်ပြန်ပြီလား "

"မလုပ်ပါဘူး ကိုကိုကြီး "

Yibo ညစာစားဖို့တောင်ထွက်မလာပဲ အခန်းထဲမှာ အောင်းနေသည် Xiao Zhan ထမင်းပွဲပြင်ပြီး အခန်းထဲဝင်တော့ အိပ်ပျော်နေတဲ့ Yiboကို တွေ့ရသည် သူ့ကောင်လေးအိပ်ပျော်သွားတာတောင် ကြည့်ကောင်းနေတယ် သူ့Yiboကိုအရမ်းချစ်ခဲ့တယ် Yiboလည်းသူ့ကို သေမတက်ချစ်ခဲ့တယ်ပြောပြီး လက်ထပ်ပြီးနောက်ပိုင်း သူ့အပေါ်ပြောင်းလဲသွားတယ် ဘာကြောင့်လဲ သူ့ဘာအမှားလုပ်ခဲ့မိလို့လဲ

"ပေါ်လေး..ပေါ်လေး "

Xiao Zhan ပေါ်လေးကိုလှုပ်နှိုးလိုက်သည်။

" ပါပါး "

ပေါ်လေးယောင်ပြီး လန့်နိုးလာသည်။

"ပါပါး..ပါပါးဟုတ်လား ပေါ်လေးမှာမိဘရှီတာလား မင်္ဂလာဆောင်တုန်းက သူ့တို့ကိုလည်း မတွေ့ဘူး  "

Yiboဘာမှပြန်မဖြေပဲ Xiao Zhanကို ​ဒေါသမျက်ဝန်းနဲ့ ကြည့်နေမိသည်

"ဘာလို့အဲ့လိုကြည့်တာလဲ "

" ထွက်သွား! "

" ကိုယ့်ကိုဘာကြောင့်အော်နေရတာလဲ ပေါ်လေးရယ်
ကိုယ့်ကို ဘာမကျေနပ်တာရှီလဲပြောပါ  "

အငြိုးကလဲ့စားWhere stories live. Discover now