LSOWD❤️part-9

5.5K 738 12
                                    

Love Story of White Dragon

Part-9(Unicode)

လက်ဆက်ပွဲ အမှီ ခမည်းတော် ၊မယ်တော် နှင့် အတူ နဂါးမျိုးနွယ်စု တိုင်း ပြည် ဆီ သို့ ရိဖန် သွားနေရင်း ကြာကန်မှာတွေ့ခဲ့သည့် ညကို ပြန်သတိရမိသည်။

ကြာကန် ည မှာတွေ့ ခဲ့တဲ့ လူ က ရိဖန် ဆိုသည်ကို သာ သိသွား ခဲ့ ရင် ကျောက်စိမ်းလေးက စိတ်ဆိုး မှာလား ။ဝမ်းသာ သွားမှာလား ။

ဝမ်းသာဖို့က မဖြစ်နိုင်လောက်ဘူး ။ကျောက်စိမ်းလေး က သူ့ကို လိမ်ရင် အရမ်း စိတ်ဆိုးတတ် တာ ။ဒီကောကော က ချော့ ရမှာ အသေ အချာ ဘဲလေ။

အတွေးတို့က ငယ်စဉ်ကာလဆီသို့.။

ရိဖန် အသက် ခုနှစ်နစ်လောက် တုန်း က နဂါးတိုင်းပြည် ကို ခမည်းတော် နှင့် အတူ လိုက်သွားရ င်း ချယ်ရီပင်
အောက် မှာ ကစားနေ တဲ့ ပါး ဖောင်းဖောင်း နဲ့ ချစ်စရာကလေး လေးကို စတွေ့ခဲ့တာ။

"ကလေး လေး !!"

ရိဖန်အသည်းယားပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ထိုကလေးလေး၏ပါးဖောင်းဖောင်းလေးတွေကို ဆွဲ ဖြစ်လိုက် သည်။။

"အာ့..... နာ လိုက်တာ မင်း ဘယ်သူလဲ
ဟမ်....ငါ့ကို ကလေးလေး လို့ မခေါ် နဲ့
မင်း ကအသက်ဘယ်လောက်မို့ လို့ လဲ "

"ခု နှစ် နှစ် "

"ငါလည်း ခုနှစ်နှစ် အတူတူဘဲ"

"ကောကောလို့ ခေါ် ကြည့်ပါလား..."

"ဘာလို့ခေါ်ရမှာလဲ.....မခေါ်ချင်ပါဘူး "

ထိုကလေးလေးကခပ်စွာစွာ ရန်ပြန်တွေ့လေတော့ ရိဖန်ခါးကြားထဲက အထုပ်ကလေးကို ထုတ်ကာ ကိုင်မြှောက်ပြလိုက်သည်။

"ဒီမှာတွေ့လား....စပျစ်သီးခြောက်တွေ...
ကောကော လို့ ခေါ် ရင် ကျွေးမယ် "

အဲ့တော့ မှအလည် လေး က ကောကောလို့ ခေါ်လာ လေသည်။

အခုရော ကျောက်စိမ်းလေး က ဉာဏ်များသေးလား...။
ဒီက ရိဖန်ကော လေကျောက် စိမ်း လေး အတွက် စပျစ်သီးခြောက်တွေ လည်း ပါ လာတယ်
အစားပုတ်လေးရေ။အတွေးများကို နယ်ချဲ့နေရင်း ကျောက်စိမ်းလေး ရှိ ရာ တရွေ့ရွေ့နဲ့ ခရီးနှင်လာခဲ့ သည် ။

Love story of White DragonWo Geschichten leben. Entdecke jetzt