LSOWD❤️part-48

4.4K 490 26
                                    

Unicode
Love Story of White Dragon
Part-48

ရိပေါ် ရှေ့ မှာဘဲ ဒူးထောက်လျက်သား နဲ့ လဲကျ သွားတဲ့  အရှင့်ကို တင်္ဒဂမျှ အသက်တောင်မရှုနိုင်ဘဲကြောင်ကြည့်နေမိသည်။ဘာဖြစ်သွားတယ် ဆိုတာကို တကယ် နားမလည် နိုင်သေးဘူးလေ ။ တစ်ချိန်တည်းမှာဘဲ ဝမ်ဟန်နဲ့ ရိဖန် နှစ်ယောက် အလျင် လိုစွာရောက်လာကျလေသည်။

ရိဖန်ကောက သတိမေ့နေသောအရှင့်ကိုပွေ့ လျက်ဝမ်ဟန် ကတော့ကျောက်ရုပ်လိုအံဩ မှင်သက်နေ မိသည့် ရိပေါ် အားလက်မောင်းကို ကိုင်လှုပ်ကာအသိပြန်ဝင်စေရင်း

"ဘာတွေဖြစ်ကြတာလဲ နဂါးဖြူ ...ရှောင်းကောကဘာ ဖြစ်သွားတာလဲ...."

လီဝမ်ဟန် အမေးကို ရိပေါ် ခေါင်း အသာခါလျက်သာဖြေ နိုင် ပြီး အရှင့်ကိုခေါ်ဆောင်သွားတဲ့ ရိဖန်ကော နောက် မှင်သေသေ နှင့် လိုက်သွား ခဲ့ မိသည် ။

သတိမေ့နေသော ညီတော်ဧကရာဇ်ရှောင်း၏ရင်ဘက်ကနေသွေးတွေ စိမ့်ထွက် နေသည်ကို ရိဖန်သတိထားမိတော့အိပ်ဆောင်တော် သို့ အမြန်ပွေ့လာခဲ့ကာသမားတော်ဟူကို ဆင့်ခေါ်စေလိုက်သည် ။

သမားတော်ဟူကအရှင့်ကိုစမ်း သပ် နေလေစဉ်

"ဒဏ်ရာကဘာလို့ သွေးထွက် နေသေး ရတာ လဲ..."

ရိဖန်ကော မေးတော့ မှ ဝမ်ဟန်ကပါ လာကြည့် ရင်း
ဝင်မေးလိုက်သည်။

"ဟုတ်တယ် ...ရှောင်းကောဒဏ်ရာက ဘယ်လိုဖြစ်ရတာ လဲ ...ကျွန်ုပ်တို့တောင် ယန်းကျင်း အမြစ် နဲ့ အမြန်သက်သာ သွား တာ မဟုတ်ဘူးလား...."

"မင်းသားတို့ရဲ့ဒဏ်ရာ နဲ့ အရှင့်ဒဏ်ရာကမတူဘူး .အရှင့်က နှလုံးထိသွားတာ ..ကံကောင်းတာက အဆိုးကြီးမဟုတ်သေးဘူး...ဆေးထည့် ဆေးသောက်လုပ်ပြီး ခံစားချက်တွေပြင်းပြင်းထန်တန် မတွေးဖို့ မှာထားတာ ..အရှင်က ဂရုမပြုဘူး ထင်ပါတယ် ....."

သမားတော်က ရှင်းပြတော့ မှ လီဝမ်ဟန် နဲ့ ဝူရိဖန် သဘော ပေါက် သွားတော့သည်။

"အဲ့...ဟုတ်သား ဘဲ ..အဲ့ဒီနေ့ ကနဂါးဖြူအတွက်နှလုံးသွေးကို ...ရှောင်းကောကသူကိုယ်တိုင် ဖောက်ထုတ်ပေးလိုက်တာမှတ်လား..."

Love story of White DragonDonde viven las historias. Descúbrelo ahora