LSOWD❤️part-19

4.7K 650 8
                                    


Love Story of White Dragon
Part-19(Unicode)

တစ်ကိုယ်လုံး တုန်ရီနေသည့် အပြင် ထိန်းချုပ်ထားခြင်းကြောင့် ချွေးပေါက်များ တဒီးဒီး ကျလာကာ ကျင့်စဉ်ထိုင်နေရသည့် အဖြစ် ကြောင့် နဂါးဖြူ နိုးလာသည့် ထင်ပါရဲ့။ထထိုင်ပြီး နားမလည်သလို မေးလာလေသည်။

"ရှောင်းကျန့် ....ဘာဖြစ်တာလဲ..."

ရှောင်းကျန့် ပုခုံး ကို နဂါးဖြူ က သူ့ လက် ဖြင့် ဆုပ်ကိုင် လာသည့် အချိန်တွင် တော့ ရှောင်းကျန့် တစ်ယောက် သူဘာလိုချင် နေသည်ဆို တာကို အာရုံခံမိ သွားလေပြီ ။

ကြာပန်း ရနံ့က နဂါးဖြူ​ခန္ဓာကိုယ် ထံမှ ရနေတာ!ဘာကို ဆာလောင်ယစ်မူးနေပြန်တာ လဲ ။မဟုတ်မှ လွဲရော !နဂါးဖြူရဲ့ သွေးများလား။နဂါးဖြူ ဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး။ရှောင်းကျန့်ဆာလောင်မှု အတွက် နဂါးဖြူရဲ့သွေးကိုသောက်ပြီး ဖြေဖျောက်ဖို့ကား ခွင့်မပြုနိုင်။ရှောင်းကျန့်စိတ်ကို ရအောင် ထိန်းချုပ်ထားမိသည်။

"ဝမ်..ရိ..ပေါ် ....မင်း ....အပြင်...ထွက်တော့ ....."

ရှောင်းကျန့် က တစ်ခါမှ ရိပေါ် ကိုအမည်အပြည့်အစုံတပ် ခေါ် ခြင်းမရှိ ခဲ့တာကြောင့် ဝမ်းနည်း သွားသည် မှာ အမှန် ။သို့ပေမဲ့ ရှောင်းကျန့် အခက် အခဲ တစ်စုံတစ်ရာ ခံစားနေရသည်မှာ အသေအချာပင်။

"ငါမသွားဘူး ...မင်း ဘာဖြစ်နေတာ လဲ ...
ငါကူညီပေးမယ် "

ပြောရင်း နဖူးပေါ်မှစီးကျ လာသည့် ချွေးများကို သုတ်ပေးလာတဲ့ နဂါးဖြူလေး၏အထိ အတွေ့ ကြောင့်ရှောင်းကျန့်စိတ်ဝိဉာဉ်တွေက ရီ ဝေယစ်မူး လာလျက် ကြာပန်းရနံ့ခေါ် ဆောင် ရာနောက်သို့ လိုက်ပါစီးမျော ချင် စိတ်တွေ အစွန်းရောက်နေရလေချေပြီ။

နဂါးဖြူလေးကို စိတ်ည်ို့ပြီးသောက်သုံးလိုက်လို့ ရပင်မဲ့ မလုပ်ရက်ဘူး ။သို့ပေမဲ့လည်း ထိန်းချုပ်ရန်မတတ်သာတော့ သည့်အခြေ အနေ ။နောက်ဆုံးတော့ ထိန်းချုပ်ထားသည့် တို့ပျက်ပြားသွားပြီးစိတ်ရိုင်းတို့ ကြီးစိုးခဲ့လေချေပြီ .။

"ရှောင်းကျန့် ..!"

ပုခုံးအား ဆွဲကိုင် လာ သောလက် တစ် ဖက်ကို ဆွဲယူလိုက်
လျက်နဂါးဖြူလေး၏ခါးကို တင်းကျပ်စွာ ဖက်တွယ်ရင်း အိပ်ဆောင်ကုတင်ပေါ်သို့ လှဲချလိုက်ကာ အပေါ်က နေ
အုပ်မိုးလိုက်သည် ။

Love story of White DragonWhere stories live. Discover now