Life ( Sorry,love ya)part 0.0

8.3K 311 20
                                    

7:00 ထိုးပြီ။
သူ့အတွက်​ကျောင်းဆိုသည်​မှာ ငရဲ သဖွယ်​။
အိပ်​ရာမှအမြန်​ထလိုက်​ကာ ရေမိုးချိုးပြီးစားပွဲပေါ်မှမှိုတက်​နေသောပေါင်​မုန့့်​တစ်​ချပ်​နှင့်​အတူ date လွန်​နေသောနွားနို့တစ်​ဘူးနှင့်​မျှောကာကျောင်းသို့ထွက်​လာလိုက်​သည်​ဟုတ်​သည်​။ ဒါဟာသူ့ရဲ့နံနက်​စာပင်​...

"ဟျောင့်​တွေ ရှေ့ကိုမြင်​လား"
"အေး အာ့ဘာဖြစ်​လဲ"
"မသိဘူးလား ငမွဲသူဌေး  လွန်​ရင်း  တဲ့လေ"
"ဟား ဟား ဟား"

နောက်​ကကောင်​လေးတွေရဲ့ဟားတိုက်​သံကြောင့်​ အားငယ်​မိသော်​လည်း  ပဲပုံမှန်​လိုဖြစ်​နေလေပြီ...

ဒါနဲ့ ကျွန်​တော့ကိုယ်​ ကျွန်​တော်​ မိတ်​ဆက်​ရဦးမှာဘဲ။
ကျွန်​တော့ နာမည်​က လွန်​ရင်း
Grade 11  ကျောင်းသားတစ်​ဦး
ကျွန်​တော့်​ အကြောင်းကိုခင်​ဗျားတို့စိတ်​မဝင်​စားပါဘူးဗျာ ၀န်​ခံလိုက်

အရင်​တုန်းကကျွန်​တော့မိဘတွေကအရမ်းချမ်းသာတာ
နောက်​တော့ ဖေဖေ အယုံကြည်​ရဆုံး ဖေဖေ့ ညာလက်​ရုံး ကသစ္စာဖောက်​သွားတာလေ
ဖေဖေ ကုမ္မဏီ က ၀န်​ထမ်းတွေ ၂ နှစ်​လုံးလုံးအချိန်​ပိုဆင်းပြီးကြိုးစားပမ်းစား လုပ်​ထားရတဲ့ စာရွက်​စာတမ်းတွေကို ဖေဖေ့ ညာလက်​ရုံး ဦး ကျော်​၀င်း ကပြိုင်​ဘက်​ ကုမ္မဏီ ကိုသွားပေးတာလေ။
ဖေဖေ က အတွင်းလူလုပ်​တာလည်း သိရောဆောက်​တည်​ရာမရဖြစ်​ရော အဲ့တာကို ပြိုင်​ဘက်​ ကုမ္မဏီ ကအခွင့်​ကောင်းယူပြီး ဈေးကွက်​ထဲဖြန့်​ အဲ့တော့ ကျွန်​တော်​ တို့ ကုမ္မဏီ ကအရှုံးပေါ်။
နောက်​တော့ စီးပွားရေး အဆင်​မပြေလို့ ဖေဖေ နှလုံး ဖောက်​ပြီးဆုံးသွားရော အဲ့မှာမေမေ က အဖြစ်​ဆိုးလှချည်​လား ဆိုပြီး ဖေဖေ နောက်​လိုက်​သွားရော
ကျွန်​တော်​ကလည်းငယ်​သေးတော့ ဦးလေး ကခေါ်မွေးစား ဦးလေး ကလား အဟက်​ အရွယ်​နဲ့မလိုက်​အောင်​ခိုင်းစားတယ်​လေ ကျွန်​တော်​ Grade 9 လောက်​မှာ ဘယ်​အမျိုးသမီး အမျိုးသား မှ မခံစားသင့်​တဲ့ အပြုအမူ မျိုးခံစားလိုက်​ရတယ်​ ( သိတယ်​မလား အဓ္ဓမပြုကျင့်​ခံရတာကိုပြောတာလေ ) Grade 10 မှာ ဦးလေး ဆုံးသွားပြီး သူ့ ပိုက်​ဆံတွေနဲ့ ကျောင်းတက်​နေတာလေ။

______________________________________

ကျောင်းခန်းထဲတန်းမ၀င်​ဘဲကျောင်းခေါင်​မိုးထပ်​သို့ဦးတည်​​လိုက်​၏။
ဒါနောက်​ဆုံးနေ့ပါပဲ...ဟုတ်​တယ်
ဖေဖေ ပြောတဲ့အတိုင်း နောက်​ဆုံးနေ့ ဖေဖေ
ဒီနေ့ကျောင်းနှုတ်​ဆက်​ပွဲပဲ သူ့လက်​ကောက်​၀က်​ တွင်​တည်​ရှိုနေ သော ဖေဖေ နှင့်​ မေမေ မွေးနေ့လက်​ဆောင်​အဖြစ်​၀ယ်​ပေး ခဲ့သည့်​ နာရီ အဟောင်းလေးကိုငုံ့ကြည့်​လိုက်​၏။ ၁၂ ထိုးလျှင်​သူဒီ ဘ၀ ကနေလွတ်​မြောက်​ပြီ။
ကျောင်းခန်းထဲမှာသူမရှိလဲ ဘယ်​သူမှဂရုစိုက်​ကြမည်​မဟုတ်ပေ။
8:00_ 8:30_ 9:00_ 9:30_ 10:00_ 10:30_ 11:00_ 11:30_ 12:00_ နာရီလေးသည်​ ၁၂ ကိုညွှန်​ပြသည်​နှင့်​ ဘာကိုမှ ဂရုစိုက်​မနေတော့ပဲ
ခုန်​ချလိုက်​၏။ လေဟာပြင်​တွင်​သူလွတ်​လပ်​ စွာ ခုန်​ပေါက်​နေ သည်​။ဖေဖေ နှင့်​ မေမေ က လှမ်းခေါ်နေသည်​။ သူ သွားမည်​...သူ သွားမှဖြစ်​သည်​။
ဘုန်း... ဆိုသောအသံနှင့်​အတူ လောကကြီးနှင့်​အဆက်​အသွယ်​ပြတ်​သွားလေသည်​။ နောက်​ဆုံးတော့ သူ လွတ်​လပ်​ပြီ။

name - လွန်​ရင်းAge - 15မလေ့အထ - လိမ်​ပြောသောအခါတွင်​လက်​သည်းကိုက်​သည်​ရောက်​ရှိသွားသော system - Give and take

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

name - လွန်​ရင်း
Age - 15
မလေ့အထ - လိမ်​ပြောသောအခါတွင်​လက်​သည်းကိုက်​သည်
ရောက်​ရှိသွားသော system - Give and take

Sorry,Love ya( system ){ BL }   Where stories live. Discover now