Arc. 1.2 ( လင်းရဲ့ ဘ၀ )

3K 306 6
                                    

     " ဟယ့်​တော်​ ဒါလေးက သားအငယ်​ကောင်​ လေးလားအေ ချစ်​ဖို့ကောင်းလိုက်​တာ "

ဇာတ်​လိုက်​၏ မိဘ များမှထွက်​လာသောအသံဖြစ်​သည်​ ။

အို့မို့ အို့မို့ ဇာတ်​လိုက်​အမေကိုကြည့်​စမ်း။
သူ့ သမက်​လို့ ငါ့ကို အပိုင်​တွက်​ထားတာပဲ။

" ဟိုလေ လူကြီးတွေစကားပြောတာကိုဝင်​နှောက်​တယ်​လို့တော့မထင်​ပါနဲ့နော်​ "

ခုနက ကတည်းကတိတ်​ဆိတ်​နေတဲ့ ဇာတ်​လိုက်​မ က ပါးစပ်​ဟပြီလေ။

" လင်းရဲ့ ငါနဲ့ ခဏလောက်​လိုက်​ခဲ့ပေးပါလား  ခဏပဲ"

" အင်း ရတယ်​လေ "

ဇာတ်​လိုက်​မ ကငါ့လက်​ကိုဆောင့်​ဆွဲပြီး ငါ့အခန်းဆီဦးတည်​လိုက်​တယ်​။

အဟက်​...နင့်​ရဲ့ မဖြစ်​စလောက်​စိတ်​ကြောင့်​ ငါ့အစီအစဉ်​တွေ  မြန်​မြန်​ အကောင်​အထည်​ပေါ်တော့မှာပဲ

" အာ့ နာတယ်​ "

လှေကားထိပ်​တောင်​မရောက်​သေး ငါ့အသံကြောင့်​ ငါ့မိဘတွေရဲ့ အကြည့်​တွေပြောင်းလဲသွားကိုငါတွေ့ဖြစ်​အောင်​တွေလိုက်​တယ်​။
ခဏလေးဆိုပေမယ့်​လို့ပေါ့

' အသေးလေး ရေ ဇာတ်​လိုက်​မကိုင်​ထားတဲ့ငါ့လက်​ကောက်​၀တ်​ကိုအညိုအမဲစွဲအောင်​လုပ်​လို့ရလား ´

[ ဟုတ်​ကဲ့ Host ]

' အထင်းကြီးမဟုတ်​ဘူးနော်​ သိသိသာသာ နဲ့ ပါးပါးလေး ´

[ Host အလှပြင်​ဆိုင်​ရောက်​နေတာမဟုတ်​ဘူးနော်​ 😒]

' အသေးလေးကလဲ ´

စိတ်​ထဲမှာတော့ အသေးလေးနဲ့ နပန်းလုံးနေပေမယ့်​ အပြင်​မှာတော့ ငိုမဲ့မဲ့မျက်​နှာလေးနဲ့ host ပါရယ်

" လွှတ်​လိုက်​တော့ "

' ဒီကောင်​ကဘာလဲ ဗိုလ်​အောင်​ဒင်​ လားဟ ´

[ ဒုတိယ ဇာတ်​လိုက်​ပါ host ]

' ငါ မမြ၀င်းမဟုတ်​ ...  ဘာကြီး ဒီဗိုလ်​အောင်​ဒင်​ စောက်​ချိုး နဲ့ ကောင်​က ဒုတိယဇာတ်​လိုက်​ပေါ့ ဟတ်​လား အသေးလေး´

Sorry,Love ya( system ){ BL }   Where stories live. Discover now