system နှင့်​ တွေ့ဆုံခြင်း Arc 1.1 ( လင်းရဲ့ ဘ၀ )

4.3K 327 12
                                    

        သူ့ ခေါင်းတွေ တဆစ်​ဆစ်​ နှင့်​ ထိုးကိုက်​နေသည်​။
သူ ဘယ်​မှာလဲ။ သူ ဘယ်​ရောက်​နေလဲ။ သူ ဘာ့ကြောင့်​မသေတာလဲ။
အရာအားလုံးကို ဘုရားသခင်​ သာသိလိမ့်​မည်​။

သူ့တစ်​ကိုယ်​လုံးမှာရှိသော အားကိုသုံးကာ မျက်​လုံးကို ဖြည်းဖြည်းချင်း ဖွင့်​ကြည့်​ လိုက်​သည်​။

အခန်းမှာ လူချမ်းသာ များသာ အသုံးပြုနိုင်​သော အခန်းဖြစ်​သည်​။သူ ဘာ့ကြောင့်​ ဒီကို ရောက်​နေပါသလဲ သူမသေတာ ဘာကြောင့်​လဲ။အကယ်​၍ မသေဘူးဆိုရင်​တောင်​ ဆေးရုံ ရောက်​နေရမှာလေ။ ငါ ဘာလို့ဒီကိုရောက်​နေရမှာလဲ။ ဘာကြောင့်​လဲ ။
သူ့ခေါင်းထဲတွင်​ လဲ ပေါင်းများစွာထပ်​နေလေပြီ။

ထို့နောက်​ သူ့ ၏လဲပေါင်းမြောက်​များစွာကိုဖြတ်​ချလိုက်​သည့်​အသံ တစ်​သံ...

{ ဟိတ်​ မဟုတ်​က ဟုတ်​ကတွေ လျှောက်​တွေးမနေပဲ မေးတာဖြေ }

" အမ်​ "

{ မင်း အသက်​ရှင်​ချင်​လား }

' သေချင်​လို့ မင်းမေလင်​ ကြီးကတိုက်​ပေါ်ကခုန်​ချတာလေ ရှင်​ချင်​လား လာမေးနေတော့ မင်းအဖေကြီး ငါက ထကပြရမှာလား အဖြေ လား အဖြေ က ရှင်းပါတယ်​ '

" NO ပါ "

{ ဒါဆို မင်းလို လူမျိုးတွေကိုရော ကယ်​တင်​ချင်​လား }

ထိုလူ၏ အမေးကြောင့်​ ခဏတာ တွေဝေသွားသည်​။ သူသည်​ သူ့လိုလူတွေကို မရှိစေချင်​တာအမှန်​...

" အင်း ငါကယ်​တင်​ချင်​တယ်​ "

လွန်​ရင်း သည်​ ဖေဖေ နဲ့ မေမေ မသေခင်​က ပျော်​ပျော်​နေတတ်​သော ကြောင့်​နာမည်​ကြီးသည်​။

{ အေး အဲ့ဒါဆို ငါမင်းကိုအခွင့်​အရေး တစ်​ခု ပေးမယ်​ }

" ဘာလဲ "

{ မင်းကို ကမ္ဘာတွေ အမျိုးမျိုး မှာကျင်​လည်​ခွင့်​ပေးမယ်​...အဲ့ ကမ္ဘာ ထဲကမင်းလိုလူတွေရဲ့ ကိုယ်​ထဲဝင်​ပြီး သူ့ရဲ့ ဆန္ဒ တွေကိုဖြည့်​စည်းပေးရမယ်
အဲ... တစ်​ခုတော့ရှိတယ်
ငါတို့ system ရဲ့ နာမည်​အတိုင်းပဲ give and take...မင်းကို ငါတို့က ဘ၀တွေပေးပြီးမင်းက ငါတို့ ကိုတစ်​ခု ပြန်​ပေးရမယ်​ }

Sorry,Love ya( system ){ BL }   Where stories live. Discover now