Zawgyi
ဝေါးးးဝေါးးးးး
မိုးတွေက အေးချမ်းအောင် လောကကြီးကိုရွာသွန်းပေးနေပေမယ့် အခန်းကြီးထဲမှာ လူတယောက်ကတော့ပူလောင်လို့နေတယ် ထိုလူကိုလည်း ဘေးကနေ စိတ်အေးဖို့ ချော့မော့နေတဲ့လူရှိသလို ဒူးထောက်ကာ ခေါင်းငုန့်နေတဲ့လူလည်းရှိတယ်
"ဒါလုံးဝလက်မခံနိုင်ဘူး လက်ခံစရာအကြောင်းလည်းမရှိဘူး
"မယ်တော်လက်မခံလည်း ကျွန်တော်သွားမှာပဲ
"မင်း! မင်း!
"Qingရယ် သားလည်းအရွယ်ရနေပါပြီ သူ့အနေနဲ့ တိုင်းပြည်တွေကို သွားပြီး ပညာသင်သင့်ပြီလေ
"Wen! Wenကပါသူ့ဘက်ကလား
"ကိုယ်တော်ကဖြစ်သင့်တာကိုပြောတာပါ
"ဒါပေမယ့် Wenရာ ကျွန်တော်လက်မခံဘူးနော်
"ကျွန်တော်ကတော့သွားမှာပဲ
"ကဲ သားတော် မင်းခဏထွက်သွား ငါမင်းမယ်တော်နဲ့ပြောစရာရှိတယ်
"ဟုတါကဲ့ပါ ခမည်းတော်
သားတော် Jin က ပညာတော်သင်သွားချင်တယ်ပြောပေမယ့် မိဖုရားကြီး Qingက မလွှတ်တာကြောင့် ရန်ဖြစ်နေကြခြင်းပင်
"Wen~~ သူအရမ်းဆိုးလာတယ် အခုပဲကြည့်ကျွန်တော့ကိုတောင် ပြန်ပြောတက်နေပြီ
"Qing ကိုယ်တို့သားက လိမ္မာပါတယ် သူလိုချင်တာ သူဖြစ်သင့်တာကိုပြောပြတာလေ အဲ့ဒါဆို Qing ကလက်ခံပေးရမှာပေါ့
"ဒါပေမယ့် ကျွန်တော်ကမှမခွဲနိုင်တာလို့
"မခွဲနိုင်လည်းခွဲရမှာပဲလေ ကိုယ်မေးတာဖြေ
"...
"Qing ကိုယ်တော့ကိုချစ်လား Jin ကိုချစ်လား
"အဲ့ဟာက အချိုစားရင်ကောင်းမလား သကြားစားရင်ကောင်းမလားမေးနေသလိုပဲ
"ဖြေလေ
"ကျွန်တော်က ၂ယောက်စလုံးကိုချစ်တယ် ချစ်တဲ့အချစ်ကတော့မတူဘူးလေ
"ချစ်တာသိတာပေါ့ အဲ့၂ယောက်ထဲကမှ ဘယ်သူ့ပိုချင်လည်းလို့
"မဖြေလို့မရဘူးလား
"အင်း
"ဟို အဲ့ဒါ
YOU ARE READING
The Male Empress Season 2
Historical Fictionပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပြိုကွဲစေချင်တဲ့လူတွေရဲ့စကားကြောင့် ယိုယွင်းလာတဲ့ Wen Cheng ရဲ့ မိသားစု ~~~ ယောကျာ်းလေး၂ယောက် ကနေမွေးဖွားခဲ့တာမို့ လူတွေရဲ့ ထူးဆန်းဖွယ်သတ္တဝါလို အပြောအဆိုခံရတဲ့ အိမ်ရှေ့စံ Jin ~~ အမှားတွေအားလုံးရဲ့ အစက Qing Lai လို...