Zawgyi
ခမည်းတော်နဲ့ မယ်တော်တို့ကျေးဇူးနဲ့ ပညာတော်သင်သွားမယ့် တိုင်းပြည်ကို ရဲမက်တချို့နဲ့သာ ခရီးနှင်ခဲ့ရတယ်
"(လွမ်းလိုက်တာ Sanရယ်)
"အိမ်ရှေ့စံ အရှေ့နားဆို Tai တိုင်းပြည်ထဲဝင်ပါပြီ
"အင်း အင်း
ခရီးက တကယ်လည်းကြမ်းတမ်းလွန်းတာကြောင့် အမြန်သွားလို့မရတဲ့ခရီးပင် အနည်းဆုံး ၁ပတ်တော့ကြာရှည်စွာမောင်းနှင်ရတဲ့ခရီးဟာ အခုတော့ ၁၀ရက်နီးပါးကြာမြင့်ခဲ့ရတယ်
Taiတိုင်းပြည်မှာ ပညာလာသင်ကြတယ်ဆိုတာ ပညာလိုချင်ကြလို့မဟုတ်ဘူး မိတ်ဆွေတိုးပွားစေဖို့လာကြတာသာဖြစ်တယ်
တိုင်းပြည်ထဲဝင်လိုက်တာနဲ့ ရိုးရာဝတ်စုံမတူတဲ့လူတွေဟာ ဟိုဟို ဒီဒီ လျောက်သွားလို့နေတယ် ခမည်းတော်က Tai တိုင်းပြည်ရောက်ရင် နန်းတော်ထဲ တန်းဝင်ပြောထားတာကြောင့် နန်းတော်ထိခရီးဆက်ရသေးတယ်
နန်းတော်ဂိတ်ရောက်တော့...
"ဘယ်သူလည်း
လုံခြုံရေးအရ စစ်ဆေးတဲ့ရဲမက်က တားလိုက်တယ်
"Hanတိုင်းပြည်က အိမ်ရှေ့စံJinပါ
"အာ တောင်းပန်ပါတယ် Han အိမ်ရှေ့စံကို Tai တိုင်းပြည်ကကြိုဆိုပါတယ်
"ဝင်လို့ရပြီလား
"ဟုတ်ကဲ့ရပါပြီ ခင်ဗျာ
တံဆိပ်တုံးပြလိုက်တော့မှပဲ ပေးဝင်ကြတော့တယ် အထဲရောက်တော့ မြင်းကို တနေရာမှာနားကာ ပစ္စည်းတွေကိုသယ်လာတဲ့လှည်းနဲ့ စစ်သူတွေကိုထားခဲ့ကာ Taiဘုရင်ကြီးနဲ့တွေ့ဖို့သွားလိုက်တယ်
"အရှင်မင်းကြီး Hanတိုင်းပြည်ကအိမ်ရှေ့စံလေးရောက်ပါပြီ
"ဝင်ခဲ့စေ
"အိမ်ရှေ့စံဝင်လို့ရပါပြီ
အထဲကိုဝင်လိုက်တယ်ဆိုတာနဲ့ Taiမင်းကြီးနဲ့မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်နေတဲ့ ယောကျာ်းလေးတယောက်ကိုမြင်လိုက်ရတယ်
"Hanတိုင်းပြည်က အိမ်ရှေ့စံ Jin ပါ မင်းကြီးကိုတွေ့ရတာဝမ်းသာပါတယ်
![](https://img.wattpad.com/cover/228368936-288-k669718.jpg)
VOCÊ ESTÁ LENDO
The Male Empress Season 2
Ficção Históricaပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပြိုကွဲစေချင်တဲ့လူတွေရဲ့စကားကြောင့် ယိုယွင်းလာတဲ့ Wen Cheng ရဲ့ မိသားစု ~~~ ယောကျာ်းလေး၂ယောက် ကနေမွေးဖွားခဲ့တာမို့ လူတွေရဲ့ ထူးဆန်းဖွယ်သတ္တဝါလို အပြောအဆိုခံရတဲ့ အိမ်ရှေ့စံ Jin ~~ အမှားတွေအားလုံးရဲ့ အစက Qing Lai လို...