The Male Empress SS2 (3)

908 63 2
                                    

Zawgyi

"Ju Yi!!!!

"ဟမ်? Qing? ဘယ်လိုလုပ် ပြီး ငါ့စီရောက်လာတာလည်း?

မြို့ထဲကစစ်သူကြီးအိမ်တော်ထဲမှာ ကွာစေ့ စားရင်း စာဖတ်နေတဲ့ Ju Yiက Qingကိုမြင်လိုက်ရတော့လန့်သွားတယ်

"Zi Xieက မင်းကြီးစီသွားပြီလေ

"နေပါဦးကွာ ငါဘာမှမပြောရသေးဘူး မင်းကြီးကငါ့ကို အပြင်ထွက်လည်ခွင့်ပေးလို့ မင်းစီလာတာပါ

"အော် ပြီးတာပါပဲ ဘယ်သွားကြမလည်း

"ပထမကတော့ လျောက်သွားမို့ပဲ ဒါပေမယ့် အခုတော့ ဒီမှာပဲ နေပြီး စားစရာတွေမှာကြတာပေါ့

"ကောင်းတာပဲ

Ju Yiက အိမ်တော်ထဲက အစေခံလေးတွေကို အပြင်ကနေမုန့်သွားဝယ်ခိုင်းလိုက်ကာ Qingနဲ့စကားစမြည်းပြောဆိုကြတယ်

"အဲ့တော့ မင်းအခုထိ စိတ်ထဲလေးနေတယ်ပေါ့

"အင်း မင်းလည်းသိတာပဲ Wenတောင် ငါ့ကို တချို့နိုင်ငံရေးပွဲတော်ရှိရင်တောင်ခေါ်မသွားတာကို ငါ့အစား မိဖုရား၂ကိုပဲ ခေါ်သွားတယ်လေ

"တနိုင်ငံနဲ့ တနိုင်ငံ ယဉ်ကျေးမှုမတူတာကို မင်းပြောချင်တာလား

"အင်း သားတော်အခုသွားမယ့် နေရာက ငါတို့လို နိုင်ငံကိုနားလည်ပေးနိုင်ပေမယ့် အဲ့မှာလာပြီး ပညာသင်မယ့်လူတွေတိုင်းက နားလည်ပေးနိုင်မယ်မထင်ဘူး

"မင်းတို့၂ယောက်ယူတဲ့ကိစ္စနဲ့ မင်းသားတော်သွားမှာနဲ့ ဘာဆိုင်လို့လည်း

"သားတော် အားငယ်မှာဆိုးတယ် သူ့က သူများတွေကို အဖေနဲ့အမေ စီကမွေးလာတာမဟုတ် ယောကျာ်းလေး၂ယောက်ကနေမွေးလာတာ ပြီးတော့ ယောကျာ်းလေးတယောက်က ကလေးမွေးတယ်ဆိုတာ မဖြစ်နိုင်တဲ့အရာမလား

"... မင်းစိတ်ပူတာငါနားလည်ပါပြီ ဒါပေမယ့် စိတ်ချပါ မင်းရဲ့သားတော်က အရွယ်လည်းရောက်ပြီဆိုတော့ အားလုံးနားလည်မှာပါ

"ငါလည်းမျှော်လင့်ပါတယ်ကွာ

"ငါတို့တွေ့တုန်းလေး သောက်ကြမလား ညမှပြန်ကွာ

"ငါကတော့ရတယ်

"ငါလည်းရပါတယ်နော်

အစေခံတယောက်ကို Wenစီကိုသတင်းပို့ခိုင်းလိုက်ပြီး Ju Yi နဲ့ ညဘက်အထိ နေဖို့ ဆုံးဖြတ်လိုက်တယ်

The Male Empress Season 2Where stories live. Discover now