Zawgyi
မိုးရာသီမို့လို့ လူတိုင်းအတွက် မိုးရေသံနားထောင်ကာ အိပ်လို့ကောင်းမယ့်အချိန်ပင် ဒါပေမယ့် အလုပ်တွေအမြဲလုပ်နေရတဲ့ မင်းကြီးဖြစ်တဲ့ Wen အတွက်တော့မဟုတ်
ဖြစ်နိုင်ရင် အလုပ်တွေ ခဏရပ်ပြီး ဘေးမှာထိုင်ကာ မှင်သွေးပေးနေတဲ့ ကောင်လေးကို ဖက်ကာ အနွေးဓာတ်ရအောင် လုပ်လိုက်ချင်ပေမယ့် ကောင်လေးကလည်း မနက်ထဲက သက်ပျင်းတချချလုပ်နေတယ်
*ဟူးးးးးး
"Qingလေး လာပါဦး ဘာတွေသက်ပျင်းချနေတာလည်း ကိုယ်တော့ကိုပြောချင်ရင်ပြောလိုက် စိတ်ထဲထားမနေနဲ့ ကိုယ်တော်စဉ်းစားပေးလို့ရရင်ရမှာပေါ့
ကောင်လေးက မှင်သွေးနေတာရပ်ပြီး ရင်ခွင်ထဲကို တိုးဝင်လာတယ်
"Wen~~ ကျွန်တော်သားတော် Jinကို တကယ်မလွှတ်ချင်ဘူး
"အဲ့ကိစ္စဆို မစဉ်းစားနဲ့တော့ ကိုယ်တော်တို့ပြောပြီးပြီလေ ပြီးတော့ အိမ်ရှေ့စံအနေနဲ့ တိုင်းတပါးသွားပြီးပညာသင်တယ်ဆိုတာဖြစ်သင့်ပါတယ်
"ဒါပေမယ့် ကျွန်တော်စိတ်မချဘူး Wen
"သားတော်ကဘယ်သူ့ကလေးလည်း ကိုယ်တော်တို့ကလေးလေ Qingလေးရဲ့
"မသိဘူး ကျွန်တော့စိတ်တွေလေးနေတယ် Wen တခုခုဖြစ်တော့မယ်လို့ကျွန်တော်ခံစားနေရတယ်
"အဆင်ပြေမှာပါ Qing က ဒီလို စိတ်မကောင်းဖြစ်နေတော့ကိုယ်တော်နေလို့မကောင်းဘူး
"တောင်းပန်ပါတယ် ကျွန်တော့ကြောင့် အရှင်ပါ စိတ်ညစ်နေရပြီ
"မဟုတ်တာ Qingလေးပေါက်ကရတွေမတွေးရအောငိ လာလာ မိုးလည်းအေးတော့ လေ့ကျင့်ခန်းလုပ်ရအောင်
"WEN!!!!!!
Qing ကို ကုတင်ပေါ်တင်ကာ အင်္ကျီတွေချွတ်လိုက်ပြီး ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်လိုက်တယ် ခေါင်မိုးပေါ်ကို ဝေါခနဲ ဝေါခနဲကျတဲ့ မိုးရေသံတွေကြောင့် ဘယ်သူမှမကြားလိုက်ပေ
ဒါပေမယ့်လည်း နှစ်ပေါင်းများစွာ မင်းကြီးနဲ့ ဧကရီကိုစောင့်ပေးတဲ့အစောင့်တွေကတော့ မကြားပေမယ့် သိနေကြသလိုပင် ဘယ်သူလာလာ မထဲကို အကြောင်းမကြားပေးကြတော့ပါ
YOU ARE READING
The Male Empress Season 2
Historical Fictionပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပြိုကွဲစေချင်တဲ့လူတွေရဲ့စကားကြောင့် ယိုယွင်းလာတဲ့ Wen Cheng ရဲ့ မိသားစု ~~~ ယောကျာ်းလေး၂ယောက် ကနေမွေးဖွားခဲ့တာမို့ လူတွေရဲ့ ထူးဆန်းဖွယ်သတ္တဝါလို အပြောအဆိုခံရတဲ့ အိမ်ရှေ့စံ Jin ~~ အမှားတွေအားလုံးရဲ့ အစက Qing Lai လို...