"ရွှယ်ယန် ကြီးလာရင်ကောကောနဲ့လက်ထပ်မှာနော်တံဆိပ်ခတ်ပြီးသား "ပြောလည်းပြောသူ့လက်မပိစိလေးနဲ့ဆယ်ဟွန်းလက်မနဲ့ပူးကပ်ဖိထားလေရဲ့။
အသက်ကလေးခုနှစ်နှစ်တောင်မပြည့်သေးသောထိုပိစိမလေးစကားကြောင့်ဆယ်ဟွန်းရီတော့မျက်စောင်းထိုးသည်။"ကောကောနော်ရွှယ်ယန်နဲ့ကတိပေးပြီးပြိီ
တခြားမမတွေကိုမျက်စိနဲ့တောင်မကြည့်ရဘူး "ကလေးမလေးနဲ့ဆယ်ဟွန်းစကားနိုင်လုမပြောချင်တော့ပြောချင်တာပြောပါစေထားလိုက်တာသူ့အကြိုက်လိုက်ထာသလိုပါဘဲ။ဆယ်ဟွန်းတရုတ်ပြည်မကြီးကိုရောက်လာပြီးမကြာပါအဆောင်မှာနေရာကရွှယ်ယန်အဖေနဲ့ရင်းနှီးတော့သူတို့အိမ်နားကအခန်းမှာဌားနေလိုက်သည်။အစ်ကိုချောင်၏သမီးလေးကသူ့မှသူအရမ်းကပ်သည်လေ။
တစ်ယောက်တည်းအထီးကျန်စွာ
နေတာထက်အသိမိတ်ဆွေ
ရှိနေတော့ခံသာသည်လေ။တကယ်တော့တစ်ယောက်တည်းရှိချိန်ယောလ်ကိုသတိရလွန်းလို့ကိုရီးယားကိုပြန်သွားချင်စိတ်တွေကိုထိန်းချုပ်ထားရသည်။
ယောလ်တော့ဘယ်လိုနေထိုင်နေတယ်မသိ။
ဒီနှစ်တွေထဲအကုန်အဆက်ဖြတ်လို့နေထိုင်လာတာအနည်းငယ်တော့အသားကျပြီ
ထင်ပါရဲ့။ဆုတော့တောင်းဖြစ်တယ်ယောလ်
ချစ်ရတဲ့ယောလ်
မိသားစုဘ၀တည်ထောင်လို့အရာရာအဆင်ပြေအောင်မြင်ပါစေ။လွမ်းတယ်
တစ်ရက်
နှစ်ရက်
သုံးရက်
ရက်ပေါင်းများစွာကုန်လွန်လို့
နှစ်တစ်နှစ်ဆုံးချိန်ရောက်လာတယ်။
တရုတ်ပြည်မကြီးမြောက်ပိုင်းရှိ
အမြဲလိုလိုနှင်းတွေဖုံးလွှမ်းနေတဲ့
ဟေဘင်ပြည်နယ်ကိုရောက်နေတဲ့ကျွန်တော်၊ဆိုးလ်မှာရှိတဲ့ယောလ်နဲ့တကယ့်အဝေးဆုံးနေရာရောက်နေခဲ့ပြီ။ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ဆောင်းရာသီ
ရဲ့အအေးဒဏ်ကိုယောလ်နဲ့သာဆိုခံနိုင်ရည်ရှိလေမလား။အခုတော့အသားမကျသေးတဲ့အလွမ်းတွေကိုအနည်ထိုင်ဖို့ကြိုးစားနေရတာ။
ယောလ် ရေငါမင်းကိုသတိရတယ်။
ဒီလိုအချိန်ယောလ်ရင်ခွင်ထဲသာနေရရင်ကောင်းမှာ။
YOU ARE READING
BORDERLINE ( CHANHUN )
Fanfictionသူငယ်ချင်းဆိုတဲ့ကန့်သတ်ချက်နယ်နမိတ်ကိုကျော်မိသောအခါ....