Marigold ( Jihope )

1.1K 123 29
                                    

Author : Espresso95
Pairing : Jihope
Genre : Romance

Author : Espresso95Pairing : JihopeGenre : Romance

Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným.

/ Unicode /

တီတီ တီတီ တီတီ တီတီ

စူးရှကျယ်လောင်စွာ နားထဲ ကဆုန်ဆိုင်းလာတဲ့
Alarm သံ​က ၊ အေးချမ်းငြိမ်သက်နေတဲ့ သူ့
အိပ်ချိန်လေးကို စတင်ဖျက်စီးလေပြီ ။ ဘဝမှာ
မကြားချင်ဆုံး အသံကိုပြောပါဆိုရင် ၊ အဲ့ဒီ့ Alarm
သံကို ထိပ်ဆုံးက ထည့်မယ် ။

" အဲ့မှာ သေအောင်အော်နေလိုက် " 

အိပ်ယာက မထချင်သေးတဲ့ အတွက် စိတ်ရှုပ်စွာ
ရေရွတ်ရင်း ၊ အသံဆိုးရှိရာ ခေါင်းအုံးအောက်ကို
လက်နဲ့ စမ်းတော့ ၊ တရားခံ ဖုန်းကိုလွယ်လွယ်ကူကူ
ပဲ ရှာတွေ့တယ် ။ အမြင်ကတ်စရာကောင်းလောက်
အောင် တစ်တီတီ မြည်နေတဲ့ Alarm ကို ပိတ်ဖို့ ၊
Screen ကို ပြူးပြဲကြည့်ရင်းနဲ့ ဘယ်အချိန်ရှိနေပြီလဲ
ဆိုတာကိုပါ တစ်ခါတည်း ကြည့်ရသေးသည် ။

" ကျစ်! 10 နာရီခွဲ က စောသေးတာ~~~ ဟာ
လေဆိပ် လေဆိပ် လေဆိပ် "

Screen ပေါ်က " လေဆိပ်သွားရန် " ဆိုတဲ့ Label
ကို မြင်တဲ့အခါ Jimin ခေါင်းနပန်း ကြီးသွားပြီး
အိပ်ချင်နေတဲ့ မျက်လုံးပါ ပြူးထွက်သွားတယ် ။
ဟုတ်သားးး ။ လေဆိပ်သွားဖို့ Alarm ပေးထား
ပြီးတော့ ။ 

" Shit!!! ငါတော့ အဆဲခံရတော့မှာပဲ "

ချက်ချင်း သတိရသွားတဲ့အတွက် ၊ စောင်တွေကို
ကန်ထုတ်ကာ ကုတင်ပေါ်ကနေ ဝရုန်းသုန်းကား
ပြေးဆင်းပြီး ၊ လေဆိပ်ကို သွားဖို့ ကမန်းကတန်း
ပြင်ဆင်ရတော့သည် ။ တကယ်ကိုပဲ ၊ ဒီလိုတွေ
ဖြစ်မှာစိုးလို့တောင် ညက Line ပေါ်ကနေ
2 နာရီလောက် ဆင်းပြီး ၊ စောစောအိပ်ခဲ့တာကို ။
ပြီးတော့ Alarm ကိုလည်း 9 နာရီမှာ တစ်ခုပေး
ထားခဲ့သေးတာ ။ ဒါနဲ့ နေပါဦး ။ အဲ့ဒီ့ 9 နာရီ
Alarm မြည်တဲ့အချိန်မှာ သူ လုံးဝမနိုးဘူးလား ။

Love is Eternal Kde žijí příběhy. Začni objevovat