Author : Voper9495
Paring : Vhope / Vope
Generation : Romance
Role : not so important here
"လူနာကျန်သေးလား ဆရာမ?"ဆွေးနွေးမှုတစ်ခုအဆုံးတွင် မလှမ်းမကမ်းမှာရှိနေတဲ့ သူနာပြုကိုလှမ်းမေးလိုက်မိသည်။
"နောက်ဆုံးတစ်ယောက်ပဲကျန်ပါတော့တယ် ဒေါက်တာ..."
သက်ပြင်းအသာချရင်း ခေါင်းငြိမ့်ပြလိုက်တော့ အလိုက်တသိကိုယ်ကိုရို့ကာနှုတ်ဆက်ရင်းအခန်းပြင်ထွက်သွားတဲ့ သူနာပြု...
ညောင်းညာနေသော လည်ပင်းကိုဟိုဘက်ဒီဘက်လှည့်နေတုန်း ...
"ပင်ပန်းနေတဲ့ပုံပဲ... ဒီနေ့ကြာကြာဆွေးနွေးခွင့်မရဘူးဆိုတဲ့သဘောလား?"
ကျွန်တော့်လူနာထဲမှာ တံခါးမခေါက်ပဲဝင်လာတတ်တာတစ်ယောက်တည်းရှိတာမို့ မျက်လုံးမှိတ်ထားရင်းကပင်...
"ထိုင်ပါဦး... ဆွေးနွေးတာက မင်းစိတ်ထဲရှိသလောက်ဆွေးနွေးကြတာပေါ့..."
"အလာလမ်းမှာ ကော်ဖီဆိုင်ဝင်ခဲ့လို့ ခင်ဗျားအတွက်ပိုဝယ်ခဲ့တယ် .... ဒေါက်တာ..... Jung"
စားပွဲပေါ်အသာချပေးတဲ့ အညိုရင့်ရင့် Ice Americano က လောလောဆယ်အလိုအပ်နေဆုံးအရာတစ်ခုပင်။
"ကျေးဇူးတင်လိုက်တာ... ကောင်းကောင်းသောက်ပါမယ်.."
မျက်မှန်ကိုအသာချွတ်ရင်း ကော်ဖီတစ်ငုံငုံလိုက်ကာ....
"ပြောပြပါဦး...လွန်ခဲ့တဲ့ သုံးရက်အတွင်းအခြေအနေ... အိပ်ပျော်လား?"
ကိုယ့်ကို ခပ်စူးစူးစိုက်ကြည့်နေတဲ့အကြည့်တွေက မေးခွန်းအဆုံးမှာတော့ စားပွဲဆီပြောင်းရွေ့ကာ ဆံပင်ခပ်အုပ်အုပ်ကိုလက်နဲ့ထိုးဖွရင်း....
CZYTASZ
Love is Eternal
FanfictionOne-shot stories collaborations Author : JaejoongHtike Author : Voper9495 Author : Espresso95