[Unicode]
(ကြင်ယာလောင်းအပေါ်မသိမသာ ဂျေဝင်ခြင်းနှင့် မင်းသားလေး၏ပထမဆုံးအနမ်း)
မြတ်သူက ဒီဒီးရင်ဘက်အပေါ်သို့ မေးတင်ပြီး ဒီဒီး၏ နှုတ်ခမ်းများကို လက်ညှိုးနှင့်အသာတို့ထိကာ စကားပြောနေသည်။
'ဒီနေရာကနေ~~နမ်းနေတာ'
'မင်း မူးနေတာရောဟုတ်ရဲ့လား
စောစောကဟာတွေ သေချာမြင်လိုက်သေးတယ်ပေါ့'မြတ်သူပုခုံးကိုကိုင်ကာ ဘေးသို့လှဲချပေးလိုက်ရာ မြတ်သူအပေါ်ကအုပ်မိုးကြည့်နေသော အနေအထားသို့ရောက်ရှိသွား၏။
ဒီဒီး၏ပါးနှစ်ဖက်ကို လက်နွေးနွေးနှစ်ဖက်ဖြင့်အုပ်ကိုင်ကာ မြတ်သူနှုတ်ခမ်းစူထားပြီးပြော၏။'ဘာလို့အဲ့လောက်တောင်ချောနေရတာလဲ?
မကောင်းဘူး~ ချောတာမကောင်းဘူး'ဒီဒီးရယ်လိုက်ပြီး ခပ်တိုးတိုးပြန်မေးလိုက်သည်။
'ဘာလို့မကောင်းတာလဲ?'
'ကောင်မလေးတွေဝိုင်းနေမှာပေါ့
မကောင်းဘူး~~'အရက်အကူကြောင့် ရီဝေဝေမျက်ဝန်းများကို ဒီဒီးအကြာကြီးစိုက်ကြည့်နေမိပြန်သည်။
ရုတ်တရက်ပင် မြတ်သူက ဒီဒီးနှုတ်ခမ်းကို ထကာ နမ်းလိုက်သဖြင့် ဒီဒီးတစ်ကိုယ်လုံးတောင့်သွားရသည်။ ထိစပ်မှုက တစ်စက္ကန့်မျှသာဖြစ်သော်လည်း ဒီဒီးကိုသက်ရောက်မှုက တစ်စက္ကန့်နှင့်ပြီးမသွားပေ။ ထို့နောက် ဗလုံးဗထွေးပြောနေသော စကားများကို ဒီဒီးမကြားနိုင်တော့ပဲ ပါးပြင်ပေါ်သို့ထပ်မံရောက်ရှိလာသော အနမ်းတစ်ခုကြောင့် ဒီဒီးနှလုံးတို့အခုန်မြန်လာကာ လေပြင်းပြင်းရှူသွင်းရင်း ကျောခိုင်းကာအိပ်စက်ရလေသည်။ မြတ်သူမှာဒီဒီးကို အနောက်ကဖက်ထားရင်း မေမေဟု တသသခေါ်ကာ အိပ်ပျော်သွားလေ၏။
ဒီဒီးမှာ ကြက်သီးမွေးညင်းများပင်ထကာ
ကိုယ့်နှလုံးခုန်သံပင်ကိုယ်ပြန်ကြားနေရ၏။မနက်လည်းဒီဒီးအစောကြီးနိုးနေတာဖြစ်သည်။ နဖူးပေါ်လက်တင်ကာ မနေ့ညကပုံရိပ်များကိုပြန်မြင်ယောင်လာပြီး နားရွက်များပါတဖြေးဖြေး နီလာ၏။
ထို့နောက် မြတ်သူကိုကြည့်ကာ အတွေးဖြင့်ပြောနေလိုက်သည်။

YOU ARE READING
လွမ်းဆွတ်ခြင်းကင်းပါစေ [Unicode &Zawgyi]
Randomအချစ်ဆိုတာ.... ရယူပိုင်ဆိုင်ရခြင်းမဟုတ်ဘူးပြောကြပေမယ့် ချစ်တဲ့သူကိုတော့...ပိုင်ဆိုင်ချင်ကြတာပါပဲ... 'သူ'ကစ,ဖြစ်တည်လာတဲ့ ကျနော့ဘဝပြောင်းလဲမှုတွေ.... သူ့ကြောင့် ပြောင်းလဲခဲ့မှန်းမသိ ပြောင်းလဲခဲ့တဲ့ ခံယူချက်တွေ.......တကယ်ကိုအများကြီးပဲ ဒါ့ကြောင့် တာဝန်...