[Zawgyi]
(အပူဒဏ်ကာကွယ်ရန်အထိရောက်ဆုံးနည်း)
မနက်အစော(၅)နာရီခွဲလျှင် ဒီဒီးနှင့် မြတ်သူ ထ,ကာ အပြေးကျင့်ကြ၏။ ငဝိုင်းကတော့ အဆောင်တွင်နေခဲ့ပြီး မနက်စာပြင်ထားပေးလေသည်။ စူဠာမုနိဘုရားပေါ်အရောက်တွင် မြတ်သူတစ်ယောက် ဆက်မပြေးနိုင်တော့ပဲ ကတ္တရာလမ်းပေါ်တွင် ထိုင်ချပစ်လိုက်သည်။
ရှေ့သို့ကျော်တက်သွားပြီးနောက် မြတ်သူမပါလာမှန်းသတိထားမိကာ ဒီဒီးနောက်လှည့်ကြည့်လိုက်သည်။ မြေပေါ်တွင်ထိုင်ချလျှက် အသက်ပြင်းပြင်းရှူကာ အမောဖြေနေသော မြတ်သူတစ်ယောက် စကားပင်ပြန်မပြောနိုင်ချေ။ ဒီဒီး မြတ်သူရှိရာသို့ လမ်းလျှောက်သွားပြီး အရှေ့တွင် ထိုင်ချလိုက်သည်။
'နေ့တိုင်းပြေးနေတာတောင် အခုထိမောတုန်းပဲလား အလင်းရာ'
မြတ်သူ လက်ကာပြပြီးနောက် စကားပြောရန်အချိန်ယူလိုက်သည်။
'ပြေးတာကိစ္စမရှိပေမယ့်......
နေ့တိုင်း..ဒီကုန်းတက်ကြီးပဲ ပြေးတက်နေရတာ... ဒီမှာအသက်ထွက်တော့မယ်ဗျ''ပြောတော့ stateကျောင်းတုန်းက အားကစားထူးချွန်ကျောင်းသားပါဆို?'
'ဟာ~~ အတိတ်ကအတိတ်ပဲ'
မြတ်သူနဖူးထက်ကနေ ချွေးများစီးကျလာ၏။ ဒီဒီးက သူ၏လည်ပင်းတွင်တင်ထားသော တဘက်အဝါကိုဆွဲယူပြီး မြတ်သူကိုအလိုက်တသိသုတ်ပေးနေလိုက်သည်။
ဆောင်းရာသီ၏ မနက်(၅)နာရီဆိုသည်မှာ အမှောင်သခင်မင်းမူလို့ကောင်းတုန်းအချိန် ဖြစ်သည့်အလျောက် ဘုရားပေါ်တွင် လမ်းလျှောက်နေကြသူ အနည်းငယ်ရှိနေတတ်သည်။ ဒီဒီး၏ မပိုမလိုသော ဂရုစိုက် ချစ်တတ်မှုကြောင့် မြတ်သူရင်ထဲအထိ နွေးထွေးသွားရ၏။
ဘုရားရင်ပြင်တွင် နေမင်းအလင်းဆောင်သည်အထိ နေကြကာ ဘုရားဦးချပြီးပြန်ခဲ့ကြသည်။ ဘုရားအနီးရှိဆိုင်များမှ မနက်စာအတွက် ပြောင်းဖူးကြော်များလည်း ဝယ်ခဲ့ကြသေးသည်။
ဒီဒီး၏ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ပြီး လွယ်အိတ်ကြိုးကို ပုခုံးတစ်ဖက်ထဲ လွယ်ကာ မြတ်သူရပ်နေ၏။

YOU ARE READING
လွမ်းဆွတ်ခြင်းကင်းပါစေ [Unicode &Zawgyi]
Randomအချစ်ဆိုတာ.... ရယူပိုင်ဆိုင်ရခြင်းမဟုတ်ဘူးပြောကြပေမယ့် ချစ်တဲ့သူကိုတော့...ပိုင်ဆိုင်ချင်ကြတာပါပဲ... 'သူ'ကစ,ဖြစ်တည်လာတဲ့ ကျနော့ဘဝပြောင်းလဲမှုတွေ.... သူ့ကြောင့် ပြောင်းလဲခဲ့မှန်းမသိ ပြောင်းလဲခဲ့တဲ့ ခံယူချက်တွေ.......တကယ်ကိုအများကြီးပဲ ဒါ့ကြောင့် တာဝန်...