အပိုင်း(၂၃)

122 7 1
                                    

[Unicode]

(နှစ်ယောက်သား အီစီကလီရိုက်နေတာလား)

မာလာအဆောင်ရှေ့တွင် ကားများအဝင်အထွက်ရှုပ်နေပြန်၏။
အဆောင်တစ်ဆောင်လုံး ပစ္စည်းအတင်အချသံများ ဆူညံနေတော့သည်။

မြတ်သူက အဆောင်အပေါ်ထပ်သို့ ပစ္စည်းများသယ်ယူနေပြီး ဒီဒီးကထိုပစ္စည်းများကို နေရာချပေးနေသည်။ အားလုံးပြီးစီးသွားသည်နှင့် ကုတင်ပေါ်ခြေဆင်းထိုင်ကာ အမောဖြေနေကြသည်။

'ဒီဒီး မင်းအစောကြီးရောက်နေတာလား?'

'အင်း..သရဲကြောက်တဲ့ကောင်လေးကို လာစောင့်ရှောက်ပေးမလို့လေ'

မြတ်သူကိုကြည့်ကာ ပြန်ဖြေလိုက်သဖြင့် ငဝိုင်း မျက်မှောင်ကျုံ့ကာ ထိုနှစ်ယောက်ကိုစူးစမ်းသလို ကြည့်ပစ်လိုက်သည်။
မြတ်သူကတော့ မျက်လုံးထောင့်ကပ်ရင်းသာ ပြန်ကြည့်ကာ ဘာမှပြန်မပြောပေ။

'ဒီဒီး မင်း မြတ်သူကို ဘာပြောထားပြန်ပြီလဲ?'

'ကိုဇေယျ...ကျွန်တော့ကို တစ်ခုအတည်ပြုပေး'

'အိုခေ ပြောလေ'

မြတ်သူအကြည့်စူးစူးက ဒီဒီးထံတွင်သာ အမြစ်တွယ်နေပြီး ဒီဒီးက ရယ်ချင်ပက်ကျိအပြုံးနှင့် လက်နောက်ပြန်ထောက်ကာပင် ထိုင်နေလိုက်သေးသည်။

'အဆောင်မှူးတူမလေး..'

မြတ်သူစကားမဆုံးမှီ ဒီဒီးကြားဖြတ်ပြောလေသည်။

'အဆောင်မှူးတူမလေး ဝရန်တာက ပြုတ်ကျပြီးသေတာ ဟုတ်တယ်မလား'

'အင်း ဟုတ်တယ်လေ'

ငဝိုင်းဖြေသံကြားကာမှ မြတ်သူမျက်လုံးများဝိုင်းစက်သွားကာ ငဝိုင်းကိုကြည့်လေသည်။
ထိုအခါမှ သဘောပေါက်သွားသော ငဝိုင်းမှာ ဒီဒီးကို လှမ်းကြည့်စဉ် မျက်ခုံးတစ်ဖက်ပင့်ပြ၏။

အဆောင်မှူးတူမသေတာကျတော့ပြောပြတယ်။ သူ့အိမ်မှာသေတာကိုတော့ ထည့်မပြောဘဲ လိမ်ဆင်တပ်လိုက်ပြီမလား။
မင်းဆိုသည်မှာလဲ မြတ်သူကို စနောက်ဖို့အကြံတွေ အမြဲထွက်နေတာပဲနော်..
ငါမြတ်သူမဟုတ်လို့တော်သေးတယ်

လွမ်းဆွတ်ခြင်းကင်းပါစေ [Unicode &Zawgyi]Where stories live. Discover now