- 3 -

109 19 7
                                    

Zawgyi

ယနေ့သည် ထည်ဝါတို့ရှစ်တန်းကျောင်းသားများ၏ အတန်းတင်စားမေးပွဲကြီး ပထမဆုံးနေ့၊ မြန်မာစာဘာသာရပ်ကို ဖြေဆိုရသောနေ့ဖြစ်သည်။ ကျောင်းနောက်ကျမြဲဖြစ်သော ထည်ဝါသည် စာမေးပွဲရက်တို့တွင်မူ အစောကြီးရောက်ပြီး စာကျက်လေ့ရှိသည်။

မုန့်ဈေးတန်းနှင့် ဒေါနဆောင်(ရှစ်တန်းဆောင်) ၏ အလယ်လမ်းမကြီးပေါ်တွင် အင်ကြင်းပင်ကြီးမှာ ထီးထီးမားမား တည်ရှိနေသည်။ အင်ကြင်းပင်ကြီး၏ ဘေးပတ်လည်အုတ်ခုံတွင် Ezra နှင့် သူ၏ သူငယ်ချင်းမလေးချစ်စုတို့ စာကျက်လေ့ရှိကြသည်။ ခန့်ထည်ဝါကမူ အင်ကြင်းပင်နှင့် အလှမ်းမဝေးသော ဒေါနဆောင်၏ စင်္ကြံတွင် စာကျက်သည်။ သို့သော်လည်း Ezra တို့အဖွဲ့၏ ရယ်မောသံများသည် ထည်ဝါ့အား အနှောင့်အယှက်ဖြစ်စေ၏။ Ezra သည် ထိုသို့သောအချိန်မျိုးတွင် ပေါ့ပေါ့ပါးပါး ရယ်နေလေ့ရှိသည်။ Ezra ရယ်လိုက်တိုင်း ချိုင့်ဝင်သွားတတ်သော ညာဘက်ပါးတစ်ဖက်သည် အခြားသူများမှင်သက်စရာကောင်းလှ၏။

ဒေါနဆောင်တွင် ထည်ဝါရပ်နေပြီး Ezra ထိုင်နေသော အင်ကြင်းပင်အောက်သို့ လှမ်းကြည့်ဖြစ်သည်။ ချစ်စုမရှိပါဘဲ Ezra ကိုသာတွေ့ရ၏။ မီးခိုးရောင် hoodie ဖြင့် လက်ချောင်းထိပ်လေးများသာ မြင်နေရသော Ezra သည် သာမာန်နေ့များထက် အနည်းငယ်ငြိမ်နေသည်။ စာအုပ်ကိုသာ အာရုံထားနေသော်လည်း စိတ်နှင့်လူမကပ်သည့်အတိုင်း စာအုပ်၏ထောင့်ချိုးများကို လက်ချောင်းတို့ဖြင့်ဆုပ်နယ်နေသည်။

စာမေးပွဲဖြေချိန်ကပ်တော့မှ ချစ်စုရောက်လာသည်။ ချစ်စုသည်လည်း Ezra နည်းတူပင် ခါတိုင်းလို ရယ်ရယ်မောမောမရှိပေ။ နှစ်ယောက်သားဘေးချင်းကပ်ထိုင်ရင်း စာသာကျက်နေကြတော့သည်။ အမြဲတစေ သာလိကာအသိုက်ပျက်သလို ညံနေတတ်သောနှစ်ယောက် တိတ်ဆိတ်နေခြင်းသည် ဆရာမများအတွက်ပင် အထူးအဆန်းဖြစ်နေပါတော့သည်။

စာမေးပွဲဖြေရန်ခေါင်းလောင်းထိုးပြီဖြစ်ရာ ကိုယ်စီအတန်းထဲဝင်ကြသည်။ အခန်းစောင့်ဆရာမသည် Ezra အား အနွေးထည်ချွတ်ခိုင်း၏။ Ezra နှင့်ထည်ဝါသည် ခုံနံပါတ်ချင်းမဝေးပေ။ ထည်ဝါ့ဘေးရှိ ခုံနံပါတ်ပိုင်ရှင်၏ ရှေ့တည့်တည့်တွင် Ezra ထိုင်ရ၍ မျက်စောင်းထိုးဖြစ်နေပြန်သည်။ ထည်ဝါသည် Ezra အားမြင်ရပေမယ့် Ezra ကတော့ နောက်လှည့်ကြည့်၍မရပေ။

Once in my life [short story]Where stories live. Discover now